အပိုင်း ၁၆ ။ အမှိုက်ကြယ်

79 14 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ


အပိုင်း ၁၆ ။ အမှိုက်ကြယ်


မဟာမိတ်တပ်သားသည် ဘာမှ ကြောက်ရွံစရာမရှိသော ပိန်သွယ်သွယ် လူငယ်လေးကို ကြက်သီးမွှေးညှင်းများထသည်အထိ ကြောက်ရွံ့သွားမိသော မိမိအဖြစ်ကို တွေးကာ ကြိတ်ဒေါသထွက်သွားရသည်။ထို့ကြောင့် သူက တစ်ဝက်ပွင့်နေသော တံခါးကို လက်ဖြင့် ရိုက်ဖွင့်ပြီး အရှေ့သို့ ရိုင်ဖယ်သေနတ်ဖြင့် ချိန်ရွယ်ကာ ဒေါကြီးမော

ကြီးဆိုလေသည်။

"ငါတို့က မဟာမိတ်တပ်ဖွဲ့ကပ္ပတိန်ရဲ့ အမိန့်အတိုင်း ဝရမ်းပြေးတွေကို ဖမ်းဖို့ ဆောင်ရွက်နေတာ.. ငါတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုချင်တယ်.. ငြင်းဆန်မယ်ဆိုရင်တော့ ကြံရာပါအနေနဲ့ စစ်ဆေးရလိမ့်မယ်။"

တဲထဲတွင် ရှိနေသူက အနောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။

"ဒါပေမဲ့..."

သို့သော် သူ့စကားမဆုံးမီတွင် မဟာမိတ်တပ်သားက တဲထဲသို့ အတင်းတိုးဝင်လာသည်။ နဂိုကတည်းက ပိန်လှီနေသော ကောင်လေးမှာ မဟာမိတ်တပ်သား၏ ဇွတ်အတင်း တွန်းထုတ်မှုကြောင့် မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် လဲကျသွားလေတော့သည်။

တဲသည် အလွန်ကျဥ်းမြောင်းပြီး အထူးတလည် ပုန်းခိုစရာနေရာမျိုး မရှိချေ။

ထိုမဟာမိတ်တပ်သားသည် တဲအတွင်း၌ စိတ်တိုင်းကျ မွှေနှောက်ပြီးသွားသည့်နောက်တွင် ပြန်လှည့်ထွက်ရန် ခြေလှမ်းပြင်လိုက်သော်လည်း မြေပြင်ပေါ် လဲကျနေသော ကောင်လေးက သူ့ခြေထောက်ကို အတင်းဆွဲထားပြီး တုန်တုန်ယင်ယင် လေသံဖြင့် ပြောသည်။

"ဆရာ လူရွေးချယ်ပွဲက..."

မဟာမိတ်တပ်သားသည် သူ့ခြေထောက်ကို ဖက်ထားသော ကောင်လေးကို ကြည့်ပြီး စိတ်မရှည်ဖြစ်လာသည်။ ထို့ကြောင့် သူက ကျန်ခြေတစ်ဖက်ဖြင့် ကောင်လေး၏ ရင်ဘတ်နှင့် ခေါင်းကို ပြင်းပြင်းထန်ထန် ကန်ကျောက်ကာ ရုန်းလိုက်သည်။

"လွှတ်စမ်းပါ!"

ရုန့်ရင်းဆန်ခတ်အသံများသည် ရေသေထဲသို့ ကျောက်ခဲတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင် ပကတိ ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို လှုပ်နှိုးပြီးသားဖြစ်သွားသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now