အပိုင်း ၄ ။ အမှိုက်ကြယ်

169 18 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၄ ။ အမှိုက်ကြယ်

ကောရှို့တစ်ယောက် ကျန်နေသေးသည့် သကြားလုံးလေးကို တသသဖြင့် လျက်နေပြီး ယခုဆိုလျှင် သကြားလုံးလေးဟာ အချပ်ပြားပါးပါးလေးတစ်ခုအဖြစ် အရည်ပျော်သွားပြီဖြစ်ပြီး ချွန်မြနေသောအစွန်းလေးများရှိနေရာ လျှာနှင့်ပွတ်မိသည့်အခါ အရသာခံဖုလေးများအပေါ် ရှသွားပြီး စပ်ဖြင်းဖြင်းလေးနာကျင်မှုကို ခံစားရစေသည်။

ကောရှို့ဟာ နောက်ထပ်တခြားလူတွေရဲ့အိတ်ကပ်တွေကိုလည်း ထပ်ရှာကြည့်သင့်ကြောင်း မတွေးမိဘဲမနေနိုင်ဖြစ်သွားလေသည်။

သူဟာ ရှည်လျားလှသောစကြင်္ံလမ်းတစ်လျှောက်ကို ခြေသံဖွဖွလေးဖြင့် ခပ်သွက်သွက်ကလေး လျှောက်လာသည်။

ရှောင်ယိဟာလည်း သူ့နောက်ကနေ ထပ်ကြပ်မကွာလိုက်လာရင်း ယာဉ်ဘေးပတ်လည်ကို မဝံ့မရဲဖြင့် လျှောက်ကြည့်ရင်း ပါလာလေသည်။

သတ္တုအခန်းတံခါးပေါ်ရှိ ခြားထားသောဖန်လေးမှတစ်ဆင့် ယာဉ်မှူးအခန်းက လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်ကို သူတို့ တွေ့မြင်နေရသည်။ ထိုအခန်းထဲရှိ လူလေးယောက်လုံးဟာ ပို့လို့ပက်လက်ဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေကြပြီး ကြီးမားလှတဲ့အပြာရောင်မော်နီတာဖန်သားပြင်ကတော့ အလိုအလျောက်မောင်းနှင်ခြင်းစနစ်ကို ပြသနေသည်။ အရက်လို အကောင်းစားပစ္စည်းတစ်မျိုးမျိုး ထည့်ထားသည်ဟု ယူဆရသည့်သတ္တုပုလင်းတစ်ပုလင်း စားပွဲပေါ်တွင် လဲနေပြီး ပယင်းရောင်ဝိုင်တွေဟာလည်း စားပွဲအစွန်းကနေ ကြမ်းပြင်ပေါ်ကို စီးကျနေသေးသည်။

ရှောင်ယိတစ်ယောက် ပြတင်းပေါက်လေးကနေ အထဲကို ချောင်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ကောရှို့ကတော့ တစ်ချက်ပဲ ဝေ့ကြည့်လိုက်ကာ အကြည့်ပြန်လွှဲလိုက်ပြီး ယာဉ်အမှုထမ်းဆီကရလာသော စမတ်ဘရိန်းကိုသာ ခေါင်းငုံ့ပြီး ဆော့နေလေသည်။

ရှောင်ယိလည်း အင်တင်တင်ဖြင့် ကြည့်လိုက်ပြီးမှ အံ့ဩသွားပြီး လေးစားအားကျမှုတွေနှင့် ကောရှို့ကို လှည့်ကြည့်လိုက်လေသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now