အပိုင်း ၁၀ ။ အမှိုက်ကြယ်

103 14 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၁၀ ။ အမှိုက်ကြယ်

"အာဟာရပစ္စည်းတွေ သုံးရက်စာလောက် ဖူလုံတဲ့ စစ်ယာဉ်ငယ်တစ်ခုကို ခိုးသွားပြီး အခုဆို ထွက်ပြေးသွားတာ ၆ နာရီရှိပါပြီ။ သူ စစ်အခန်းထဲကို ဘယ်အချိန်တုန်းကဝင်ပြီး ခလုတ်ဖွင့်တဲ့သော့ကို ဘယ်တုန်းက ခိုးသွားတာလဲဆိုတာကိုတော့ အခုထိ မသိသေးပါဘူး။ သူက ယာဉ်ရဲ့ ဘေးအန္တရာယ်သတိပေး အလမ်းစက်ကို ပိတ်တဲ့နည်းတစ်မျိုး သုံးသွားတာဖြစ်ပါတယ်။ ကျွန်တော် ယာဉ်ကြီးရဲ့ပင်မဝင်ပေါက်နဲ့ထွက်ပေါက်တွေကို မြန်မြန်လိုက်ပိတ်ပြီး အဆင့်မြင့်အသင့်အနေအထား သတိပေးချက်စနစ်ကိုလည်း ဖွင့်ထား......"

ဟောလ်က စီစဉ်တကျ တင်ပြနေသည်။

လူလိုင်ကတော့ အနည်းငယ်မှေးစင်းနေသော မျက်လုံးတွေနှင့် ဂရုမစိုက်သည့်ပုံဖြင့် စားပွဲကိုလက်ချောင်းတွေနှင့် ခေါက်ကာ နားထောင်နေပြီး သူ မည်သည့်အရာကို တွေးနေသည်ကို ခန့်မှန်းရခက်ပေသည်။

နှစ်မိနစ်လောက်ကြာပြီးနောက်မှာတော့ ဟောလ်ရဲ့ အစီရင်ခံစာက ပြီးဆုံးသွားလေသည်။ သူဟာ လူလိုင် ကို ကြောက်ကြောက်နှင့်ကြည့်ပြီး မဝံ့မရဲလေး မေးလိုက်သည်။

"အဖျက်ယာဉ်တစ်ခု လွှတ်လိုက်ရမလား ကပ္ပတိန်။ ဒီလက်အောက်ငယ်သားက...."

လူလိုင်က လက်ကာပြလိုက်ပြီး စကားဆက်မပြောဖို့ အမူအရာတစ်ခုကို ပြလိုက်လေသည်။

ဟောလ်က စကားပြောနေရင်း ချက်ချင်း ရပ်သွားပြီး ကျောမတ်သွားတာ အံကြိတ်မိလိုက်သည်။

သူ့ကို လွှတ်ထားသည်မှာ ကောရှို့ရဲ့ကိစ္စရပ်တွေမှာ ကူညီကိုင်တွယ်ပေးရန် သက်သက်မဟုတ်ဘဲ ကောရှို့ကိုပါ စောင့်ကြည့်စစ်ဆေးဖို့ရန်ဖြစ်သည်။ သို့ပေသည့်တိုင်အောင် ဒီတစ်ကြိမ်တွင် တစ်ဖက်လူက လက်မတင်လေးတင်မှာပင် ထွက်ပြေးပျောက်ဆုံးသွားလေသည်။ သူဟာ ထိုအကြောင်းအရာကို သိဖို့ရန် ၆ နာရီတောင် ကြာမြင့်ခဲ့သေးသည်။ ဒါက သူ တော်တော်လေးကို ပေါ့ဆခဲ့တာဖြစ်သည်။ သူ့အမှားကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ကောရှို့ကို တတ်နိုင်သမျှ မြန်မြန်ဖမ်းမိဖို့ရန် အလွန်စိတ်အားထက်သန်နေပြီဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now