အပိုင်း ၆ ။ အမှိုက်ကြယ်

132 13 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၆ ။ အမှိုက်ကြယ်

မဟာမိတ်က ပို့လွှတ်လိုက်တဲ့ စစ်လေယာဉ်ဟာ လိုင်ဘဒ်ရှိရာဆီ အမြန်ဆုံးနှုန်းနဲ့ ပျံသန်းလာပြီး အာကာသမြေပုံမှာ ကြည့်ကြည့်မယ်ဆိုရင် မဟာမိတ်စစ်တပ်နှင့် လိုင်ဘဒ်ကို ပြသနေတဲ့ အစက်ကလေး ၂ စက်ဟာ ပုံမှန်မျက်စိနှင့်ပင်မြင်ရသည့် အရှိန်နှုန်းနှင့် တဖြေးဖြေးပိုနီးလာတာကို တွေ့ရမည်ဖြစ်သည်။ မဟာမိတ်စစ်ယာဉ်ပျံတွေဟာ ၄င်းတို့ရဲ့ မဟာမိတ်နယ်နိမိတ်အစွန်းမှာ တည်ရှိနေတဲ့ အပြာရောင်အစက်ကလေးအဖြစ် ဖော်ပြခံနေရသည့် လိုင်ဘဒ်ကို လိုက်မှီသွားပြီ ဖြစ်ပါတော့သည်။

အဓိကစစ်ဗိုလ်ချုပ် ကော့တွန်သည် အရွယ်အားဖြင့် အတော်လေး ငယ်သေးပင်သော်ငြား မဟာမိတ်ယူနီဖောင်း အပြာရင့်​ရောင်က သူ့စိတ်ကို ပိုပြီး တက်ကြွလှုပ်ရှားစေလာသည်။ သူဟာ တိုက်စစ်ဆင်သည့် ကွန်းဘတ်အခန်းထဲတွင် မတ်တပ်ရပ်ကာ အာကာသမြေပုံပေါ်က တဖြေးဖြေးချင်း ပို၍နီးကပ်လာသော အစက်ကလေး ၂ စက်ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေလိုက်သည်။

ဒီတစ်ခေါက် လိုင်ဘဒ်ယာဉ်ကြီး ဓားပြတိုက်ခံရမှုကို သူ ဦးဆောင်ချေမှုန်းပါရစေဟု ခွင့်တောင်းလာခဲ့တာဖြစ်သည်။ သူဟာ အခု လိုင်ဘဒ် ဓါးပြတိုက်ခံလိုက်ရတဲ့နောက်ကွယ်က အကြောင်းစုံကို တော်တော်လေးကို စိတ်ဝင်စားနေတာဖြစ်သည်။ သူ အရင်ကသိထားသည့်အတိုင်းဆိုလျှင် မဟာမိတ်စစ်ယာဉ်ရဲ့ အပြတ်အသတ်အားပြင်းလွန်းတဲ့ ပစ်အားနှင့်ဆိုလျှင် လိုင်ဘဒ်ယာဉ်ပေါ်က လက်နက်တွေနဲ့ ယာဉ်တပ်ဆင်ပစ္စည်းတွေဟာ ဘယ်လိုမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လိုင်ဘဒ် ယာဉ်ဟာ လွန်ခဲ့တဲ့ ၈ နာရီလောက်က ရုတ်တရက်ကြီး အရှိန်တင်ခဲ့ပေမဲ့ ခဏတာလောက်ပဲ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး အာကာသအစွန်းဘက်က ဥက္ကာခဲစုတွေဆီ ရောက်လာတဲ့အခါမှာတော့ သိသိသာသာ အရှိန်လျော့သွားလေတော့သည်။

သူတို့ရှေ့မှာ တည်ရှိနေတာကတော့ နေစကြဝဠာတစ်ခွင်လုံးမှာ နာမည်အကြီးဆုံး ဥက္ကာခဲပတ်လမ်းကြီးပင် ဖြစ်သည်။ ထိန်းချုပ်ရန် တော်တော်လေးကို လွယ်ကူသည့် အာကာသယာဉ်ပျံနှင့်ဆိုလျှင်ပင် ဤနေရာထဲကို ဝင်ရဲမည်မဟုတ်ပေ။ လိုင်ဘဒ်လို ကြီးမားလှတဲ့ ပင်မယာဉ်ကြီးတစ်ခုသာဆိုလျှင်တော့ဖြင့် ဒီနေရာမှာ ဘယ်လောက်ပဲ အတွေ့အကြုံရှိတဲ့ ကပ္ပတိန်မှ မောင်းနေပါစေ မလွဲသာမရှောင်သာ ကံအကောင်းအကြောင်းမလှစွာဖြင့် အရှိန်လျှော့လိုက်ရမည်သာဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now