အပိုင်း ၇ ။ အမှိုက်ကြယ်

127 13 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၇ ။ အမှိုက်ကြယ်

ကြီးမားတိတ်ဆိတ်နေသည့် ဥက္ကာခဲခါးပတ်ကြီးထဲတွင် ယာဉ်ပျံမှသတ္တုအပျက်အစီးတွေဟာ ဖြေးဖြေးချင်း လွင့်မျောနေပြီး များပြားလှစွာသော အကျိုးအပဲ့အစအနတွေဟာ ဥက္ကာခဲနှင့်တိုက်မိပြီး တခြားဦးတည်ရာဘက်သို့ လွင့်မြောသွားကြသည်။

ဤနေရာရှိ ကြယ်ကွင်းပြင်တစ်ခုလုံးသည် တိုက်ပွဲအပြီး အကျိုးအပဲ့ အပျက်အစီးများနှင့် ပြည့်နက်နေလေသည်။

လယ်ဗီယာသန်၏ ရှေ့ဦးစွန်းပိုင်းသည် မဟာမိတ်ပင်မယာဉ်ကြီး၏ အလည်တည့်တည့်ကို ထိုးစိုက်နေပြီး နှစ်ပိုင်းကွဲသွားတော့မလိုပင်။ မဟာမိတ်ပင်မယာဉ်၏သတ္တုပိုင်း ၂ပိုင်းဟာ သတ္တုပျော့ပျော့လေးတစ်ခုနှင့် တေးတေးလေး တွယ်ဆက်ခံထားရသည်မှာ ကျိုးပဲ့နေသည့်ခန္တာကိုယ်ကို အရေပြားနှင့်တွဲချည်ထားသည့်နှယ်ဖြစ်ကာ ဥက္ကာခဲဇုန်၏အပြင်ဘက်တွင် လွင့်မြောနေတော့သည်။ ၄င်းတွင်ညပ်နေသော လယ်ဗီယာသန်၏အခြေအနေဟာလည်း သာလွန်၍ မကောင်းမွန်နေပါ။ ရှေ့ပိုင်းမှသည် အလယ်အထိ အပြင်ဘက်အကာဟာ ပြင်းထန်စွာ ပွတ်တိုက်ခံရမှုကြောင့် မဲနက်ကာ ပုံပျက်နေကာ အကာအောက်ရှိသတ္တုပါ ပေါ်နေပြီဖြစ်သည်။ အဆိုပါစစ်ယာဉ်ပျံနှစ်စီးဟာ မှောင်မည်းကာ ကြယ်များဖြင့် လင်းလက်နေသော အာကာသထဲတွင် အချင်းချင်း တွယ်ချိတ်ထားပြီး မတိုးသာမဆုတ်သာအခြေအနေတွင်ရှိနေသော ဧရာမစတီးလ်တိရစ္ဆာန်ကြီးနှစ်ကောင် တိုက်ခိုက်နေပုံနှင့်ပင် တူသည်။

ကောရှို့ဟာ မှန်ပြတင်းပေါက်ကြီး၏နောက်တွင် ရပ်ကာ ယခုအချိန်အထိ ခပ်လှမ်းလှမ်းတွင်ရှိနေသော မည်းနက်နေသည့်စစ်ယာဉ်ကြီးကိုစိုက်ကြည့်လိုက်သည်။ သူ၏ မည်းနက်နက်မျက်ဝန်းများထဲ မှင်အနက်ရောင်လေး ထင်ဟပ်နေလေသည်။

အဆိုပါယာဉ်ကြီးဟာ ဆက်တိုးလာမည့်သဘောလည်း မရှိသလို ခပ်လှမ်းလှမ်းတွင်သာ ရပ်နေလေသည်။ မဟာမိတ်စစ်ယာဉ်ကြီးကို တိတိကျကျနှင့် ရက်ရက်စက်စက် ပစ်လွှတ်ထိမှန်ခဲ့သည့် အမြှောက်ဆန်ကြီးတွေကို စစ်ယာဉ်ကြီးဟာ ပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်သော်ငြားလည်း ကြောက်စရာကောင်းသည့်ဖိအားကတော့ ပျောက်မသွားသေးပေ။ ထိုယာဉ်ကြီးကိုအဝေးမှကြည့်နေရင်းနှင့်ပင် လူအများကို ကြောက်စိတ်ဝင်လာစေမည်ဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Där berättelser lever. Upptäck nu