အပိုင်း ၂၂ ။ အမှိုက်ကြယ်

38 5 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ

အပိုင်း ၂၂ ။ အမှိုက်ကြယ်

ကြားဖြတ်တိုက်ခိုက်ခံရသည်ကိုအောင်မြင်လာသည့် အဆင့်မြင့်စစ်သင်္ဘောတွေကို နောက်ထပ်မဟာမိတ်တွေ လာခိုးတိုက်ခြင်းနှင့်ကျူးကျော်ဝင်ရောက်လာပါက ဖြေရှင်းနိုင်ရန် လေဆာမိုင်းကွင်း၏အစွန်မှာရပ်ခိုင်းထားသည်။

အဲ့တာကြောင့်ပဲ ခြေရာခံစက်ကနေမှ မရင်းနှီးတဲ့ယာဉ်တစ်စင်းချဉ်းကပ်လာသည်ကို သတိထားမိသည်နှင့် သူတို့ကတိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေလေပြီ ။ အားလုံးကိုအံ့အားသင့်သွားစေသည်မှာ ထိုယာဉ်ကသူတို့ကိုဆက်သွယ်လာသည့်အခါတွင် ရင်းနှီးနေသောနံပါတ်တွဲတစ်ချို့ပေါ်လာသည်။ ဒါကရိုးရှင်းစွာနဲ့ပဲအံ့ဩဖို့ကောင်းသည်မှာ မဖြစ်နိုင်သည့်အိမ်မက်တစ်ခုလို လူတိုင်း၏အတွေးများထပ်ကျော်လွန်နေလေသည်။

ဘယ်သူကမှဒီစစ်သင်္ဘောက သေစေနိုင်လောက်သည့်လက်နက်တွေဖြင့်ပြည့်နေသည့် နေရာမှထွက်လာနိုင်လိမ့်မည်လို့ဘယ်သူမှမထင်ပေ။ သူတို့သာထိခိုက်မှုမရှိခဲ့ရင် စစ်ကူဖြစ်လာနိုင်သည်။ 

နှစ်မိနစ်ကြာပြီးနောက် သင်္ဘောကိုကမ်းကပ်နိုင်ရန်ကူညီဆက်သွယ်ပေးခြင်းမှာ ပြီးဆုံးသွားတော့သည်။ သူ့နဲ့ရင်းနှီးလှတဲ့တပ်ရင်းစုကိုပြန်တွေ့ရတော့မည် ကပ္ပတိန်က သူ့၏အဖွဲ့သားများကိုခေါ်ကာ လွဲပြောင်းသည့်အခန်းထဲတွင် ရှုပ်ထွေးမှုနှင့်စိတ်လှုပ်ရှားမှု နှစ်ခုလုံးကိုခံစားနေရရင်းစောင့်ဆိုင်းနေခဲ့သည်။

သူတို့ဘက်ကသင်္ဘောက လေဆာမိုင်းကွင်းနေရာကိုဖြတ်လာနိုင်ကထဲက အဲ့တာကအဓိကယာဉ်ကနောက်ဆုံးတော့ချိုးဖျက်လို့ရမည့်နည်းလမ်းကိုများရှာတွေ့သွားသည်လား? ဒါမှမဟုတ် သူတို့ရန်သူရဲ့အဆင့်မြင့်ယာဉ်တစ်စီးကိုဖြတ်တိုက်နိုင်လိုက်ပြီး အချက်အလက်အသေးစိတ်ပါတဲ့ မြေပုံကိုရလိုက်တာများလား? ဘယ်အရာပဲဖြစ်ဖြစ်သူတို့သာတစ်ခုခုကိုသိခဲ့ရင် သူတို့ကဒီဂိမ်းကိုဖျက်ဆီးနိုင်မည့်အခွင့်အရေးကိုရလိုက်သည်ပင်။ 

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now