အပိုင်း ၁၇ ။ အမှိုက်ကြယ်

77 12 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ


အပိုင်း ၁၇ ။ အမှိုက်ကြယ်


ကောရှို့နှင့် ယာဉ်အမှုထမ်းများသည် ဒူးဆစ်အထိနက်သော အမှိုက်သရိုက်များအကြား ကြိုးစားရုန်းကန်ရင်း ရှေ့ဆက်လျှောက်နေကြသည်။

အမှိုက်ကြယ်ဂြိုလ်ပေါ်တွင် အချိန်အတန်ကြာ လှုပ်ရှားသွားလာပြီးနောက် လူတိုင်း၏ အဝတ်အစားများမှာ ရွံစရာ အနံ့ဆိုးများဖြင့် ညစ်ပတ်စုတ်ပြတ်နေပြီး အမှိုက်ကြယ်ဂြိုလ်တစ်ခုလုံးနှင့် နင်လား ငါလား အခြေအနေသို့ ရောက်နေသည်။ သို့သော် ကြီးမားကျယ်ပြန့်သော ဂြိုလ်ပေါ်တွင် အနှီလူသားပုရွက်ဆိတ်လေးများမှာ အဆုံးမဲ့ အမှိုက်သရိုက်များအကြား ဇွဲနပဲကြီးစွာ ကြိုးစားလျှောက်နေကြဆဲပင်။

ထိုအချိန်တွင် ကောရှို့ လွှတ်လိုက်သော ကုန်တင်ယာဉ်သည် အမှိုက်ကြယ်ဂြိုလ်ပေါ်ရှိ လူနေရပ်ကွက်အပေါ်သို့ ဖြတ်ပျံလာသည်။ ကုန်တင်ယာဉ်၏ သံချေးတက်နေသော သတ္တုတံခါး ပွင့်သွားချိန်တွင် မရေမတွက်နိုင်အောင် များပြားသော ငွေရောင်အလုံးငယ်များမှာ ယာဉ်ပေါ်မှတဆင့် အမှိုက်ကြယ်ဂြိုလ်ပေါ်ရှိ နေရာပေါင်းစုံသို့ ပြုတ်ကျလာသည်။ ထိုငွေရောင်ဘောလုံး တစ်လုံးချင်းစီတိုင်းတွင် ပါဝင်သော ပုံရိပ်အပိုင်းအစများ အချင်းချင်း ချိတ်ဆက်ပြီးသည့်နောက်တွင် ပြီးပြည့်စုံသော ပရိုဂျက်တာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အမှိုက်ကြယ်ဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယင်းကား သက်သေတစ်ခုဖြစ်သည်။ ပြန်လည်ပြုပြင်ထားခြင်းမရှိသော သက်သေအစစ်ဖြစ်သည်။ စာရင်းအတိအကျ၊ အသံ၊ ဗီဒီယိုဖိုင်နှင့် မျက်မြင်သက်သေတို့၏ ဖွင့်ဟဝန်ခံချက်တို့ ပေါင်းစည်းသွားသည့်အခိုက်တွင် ချွန်မြသော ဓားသွားအဖြစ်သို့ ပြောင်းလဲသွားသည်။

တည်ငြိမ်ပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသော အသံသည် ဗီဒီယိုဖိုင်မှတဆင့် ထွက်ပေါ်လာပြီး ကြောင်သူတော် ကြွက်သူခိုး မဟာမိတ်တပ်ဖွဲ့၏ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်များကို တစ်ခုချင်းစီ ရှင်းပြလျက်ရှိသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now