အပိုင်း ၈ ။ အမှိုက်ကြယ်

115 14 1
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၈ ။ အမှိုက်ကြယ်

ကောရှို့ ထွက်သွားပြီးနောက် တခြားသောတပ်ကြပ်လေးများလည်း အမိန့်ကိုယ်စီဖြင့် ထွက်သွားကြကာ ကပ္ပတိန်အခန်းတံခါးဟာလည်း အလိုအလျောက် ပြန်ပိတ်သွားတော့သည်။

ဧရာမကပ္ပတိန်အခန်းကြီးဟာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး သတ္တုနံရံတွေပေါ်မှာ အေးစက်စက်အလင်းရောင်တွေ ပြန်လည်ထင်ဟပ်လာတော့သည်။

ထိုအချိန်မှ ကောရှို့နှင့်လိုက်သွားသည့် တပ်ကြပ်ငယ်လေးဟာ ရှေ့ထွက်လာကာ လိုင်ဘဒ်ပေါ်တွင် သူတွေ့ရှိခဲ့ရသည့် အရာများနှင့် ကောရှို့ဟာ သူတို့ကို ခြိမ်းခြောက်ငွေညှစ်ချင်သည်ဟု သွယ်ဝိုက်ပြောခဲ့ကြောင်း အစီရင်ခံလိုက်သည်။

လူလိုင်ကတော့ စားပွဲဆီသို့ လျှောက်သွားကာ လေပေါ်တွင် ဝဲပျံနေသည့် အာကာသမြေပုံကိုကြည့်လိုက်ကာ အမှန်ပြင်ပေးလိုက်သည်။

"လယ်ဗီယာသန်"

သူ့ရဲ့အသံက တိုးတိုးလေးနှင့် တည်ငြိမ်နေကာ လူလိုင်က ယာဉ်ကြီး၏အမည်ကို အမှန်ပြင်နေကြောင်း သတိထားမိဖို့ရန် တပ်ကြပ်လေးအတွက် ၂ စက္ကန့်လောက်ကြာသွားပြီးမှ ထိုတပ်ကြပ်လေးဟာ သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်

"ဟုတ်"

ဆက်လက်ပြီး လယ်ဗီယာသန်၏အပြင်ဘက်သံချပ်ကာဟာ ၄၀ % ကျော် ပျက်စီးနေပြီဖြစ်ကြောင်း ဆက်လက်အစီရင်ခံလိုက်သည်။

အစီရင်ခံပြီးတဲ့နောက်မှာ လူလိုင်က နောက်လှည့်ပြီး ကြည့်လာသည်။ အာကာသမြေပုံရဲ့ အပြာရောင်အလင်းက သူ့မျက်ဝန်းအိမ်မှာ ထင်ဟပ်နေပြီး ရေခဲနေသည့် ရေအိုင်လေးကဲ့သို့ပင်။

"သူ လိုအပ်တာတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးလိုက်"

တပ်ကြပ်ဟာ အနည်းငယ် အံ့အားသင့်သွားကာ လူလိုင်ကို မော့ကြည့်လိုက်လေသည်။

"ဒါပေမဲ့...."

သို့ပေသည့် လူလိုင်၏အပြုံးအရယ်မရှိသည့်မျက်နှာနှင့် ဆုံသွားသည့်အခါတွင်တော့ ကြောက်လန့်ကာ ခါးမတ်သွားပြီးမှ ခေါင်းကိုပြန်ငုံ့လိုက်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now