အပိုင်း ၁၉ ။ အမှိုက်ကြယ်

64 5 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ


အပိုင်း ၁၉ ။ အမှိုက်ကြယ်


ကောရှို့သည် သီးသန့်ခန်း၏ နံရံနှင့် ကပ်ထိုင်ရင်း မေးစေ့ကို ဒူးခေါင်းပေါ်တွင် တင်ထားကာ ဆေးမှတ်တမ်းကို တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန်တွင် လူလိုင်ကလည်း သူ့ကို စိုက်ကြည့်နေ၏။

လူလိုင်၏မျက်ဝန်းများသည် ထူးကဲစွာ နက်ရှိုင်းနေပြီး မျက်ခုံးကောင်းကောင်း နှာတံဖြောင့်ဖြောင့်ဖြင့် အင်မတန် ကြည့်ကောင်းသည့် ယောကျာ်းက နှုတ်ခမ်းပါးကို ခပ်တင်းတင်း စေ့ပိတ်ထားလျက်ရှိသည်။ သူ၏ အစဉ်အမြဲ တည်ကြည်နေသော မျက်နှာတွင် ပြောင်းလဲမှု ကြီးကြီးမားမားမရှိသော်လည်း ကြည့်မိသူတိုင်းကို ရှင်းပြရခက်

သော အေးစိမ့်စိမ့် ခံစားချက်တစ်မျိုး ပေးစွမ်းနိုင်သည်။

လက်ရှိအချိန်တွင် ဟောလ်သည် သီးသန့်ခန်း အပြင်ဘက်၌ ပင်မယာဉ်ပေါ်မှ ဆရာဝန် သုံးလေးဦးနှင့် စကားပြောနေသည်။ လူတိုင်း၏ မျက်နှာအမူအရာကား ပြိုတော့မည့်မိုးလို သုန်မှုန်လျက်ရှိသည်။ ပင်မယာဉ်ပေါ်တွင် အသုံးပြုထားသော အသံစနစ်ဟာ အလွန်ကောင်းမွန်သည့်အတွက် ကောရှို့နှင့် ဟောလ်တို့အုပ်စုကြားတွင် မှန်ပါးလေးတစ်ချပ်သာ ဖုံးကာထားသော်လည်း မည်သည့်အသံကိုမှ မကြားရဘဲ ပါးစပ်အဖွင့်၊အပိတ်လုပ်ခြင်းကိုသာ မြင်နေရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဆွေးနွှေးမှုပြီးဆုံးသွားပုံရပြီး ဟောလ်က အခန်းထဲသို့ ဝင်လာသည်။

ဟောလ်သည် အခြေအနေကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း စိတ်အပန်းဖြေချင်ဖွယ်ရာမရှိသော လေထုက သူနှင့်အတူ အခန်းထဲသို့ ကပ်ပါလာသည်။

ထိုအချိန်တွင် ကောရှို့လည်း ဆေးမှတ်တမ်းကို ဖတ်ပြီးသွားချေပြီ။ သူက ကုတင်ပေါ်တွင် ခြေထောက်ဆန့်ကာ အညောင်းအညာဖြေပြီးနောက် အီလက်ထရွန်းနစ်စခရင်ကို ဒူးပေါ်တင်ပြီး ခပ်ပေါ့ပေါ့ပြောသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now