အပိုင်း ၂၃ ။ အမှိုက်ကြယ်

65 11 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ

အပိုင်း ၂၃ ။ အမှိုက်ကြယ်

လူလိုင် သူအိမ်မက်မက်နေတယ်ဆိုတာသိသည်။ 

အဆုံးမရှိတဲ့ တိတ်ဆိတ်မှုနှင့်အမှောင်ထုကသူ့နားပတ်လည်ဝိုင်းနေပြီး ဟိုးအနက်ရှိုင်းဆုံးနေရာအထိသူ့ကို ညင်သာစွာဖြည်းဖြည်းချင်းဆွဲချနေသည်။ သူဘယ်လောက်ကြိုးစားစားသူမနိုးထနိုင်ပေ။ မှတ်ဉာဏ်အပိုင်းအစတွေအားလုံးက မှန်တွေလိုလေထဲမှာပျံဝဲနေပြီး မှန်ချပ်တိုင်းက သွေးများရဲကာမီးတောက်လောင်နေသည်။ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များနှင့် တောက်ပနေသောအရောင်များက စစ်ပွဲနှင့်အတူကပ်ပါလာကာ တိုးတိုးတိတ်တိတ်အော်ညီးနေပြီး မှန်တစ်ချပ်တိုင်းက သူကြုံတွေ့ခဲ့ရသမျှ တိုက်ပွဲတွေနှင့်နာကျင်မှုတွေ ၊ ကျရှုံးသွားတဲ့တပ်စုတွေ ၊ ပျက်စီးသွားတဲ့ကြယ်စင်စုတွေ ၊ လူတွေရဲ့နာကျင်မှုတွေ ဖြင့်ပြည့်နှက်နေသည်။

ဒါကမဟာမိတ်တွေနဲ့ဖြစ်ခဲ့တဲ့ကျူးကျော်စစ်ပင်။

သူကတားဆီးမရနိုင်အောင်အင်အားကြီးခဲ့ဖူးသည်။

သူ့နှလုံးသားကကျောက်တုံးသကဲ့သို့မာကျောသည်။

သူ့လမ်းကိုပိတ်နေသောအတားအဆီးမှန်သမျှကို ဓားတစ်ချောင်းဖြင့် ခုတ်ဖြတ်ပစ်ခဲ့သည်။

သူကစစ်ပွဲနှင့်ငရဲမီးတောက်များကြားကိုတစ်ယောက်တည်းဖြတ်လျှောက်ခဲ့ပြီး သူ့နောက်တွင် ကောင်းကင်ထိတိုင်အောင်ကျယ်လောင်လှသည့် အော်ဟစ်သံများနှင့်နာကျင်ကြေကွဲစွာငိုကြွေးသံများကိုထားပစ်ခဲ့သည်။

သူကစစ်နတ်ဘုရားတစ်ပါး ၊ မည်သူမျှမတားဆီးနိုင်သည့်ဓားသွားတစ်ချောင်း ၊ သူသွားသည့်နေရာတိုင်းရှိအရာအားလုံးကိုဖျက်ဆီးပစ်သူတစ်ယောက် အပျက်အဆီးများနှင့် ဝံပုလွေများသာ သူနောက်တွင်ကျန်ခဲ့သည်။ သူ့ရဲ့အမိမြေအတွက် အောင်မြင်မှုနှင့်ဂုဏ်သိက္ခာကိုဆောင်ကာ ပြန်လာခဲ့သည်။

ထို့အတူသူ့ကိုစောင့်ကြိုနေသည်ကလည်း လေးစားမှုအပြည့်ဖြင့် သူ့အားကိုးကွယ်သောနိုင်ငံတစ်နိုင်ငံပေမယ့် သူမြင်ရသလောက် မသိကျိုးကျွံပြုတာတွေ ၊ အလိမ်အညာတွေ ၊ အကျင့်ပျက်ခြစားမှု ၊ လောဘတရား ၊ အာဏာအတွက်တိုက်ခိုက်မှု ၊ မကောင်းတဲ့အုပ်ချုပ်သည့်ပုံစံက ထိုဂြိုလ်ကိုခြောက်ကပ်သွားအောင် အရည်ညှစ်ချနေသလိုပင်။ နဂါးငွေ့တန်းတစ်ခုလုံးက လောဘတရားဖြင့်ဝါးမျိုခံနေပြီး လူသားဆိုသည်မှာ ပျက်သုဉ်းလုနီးပါးအရေအတွက်အနည်းနေသော အရင်းအမြစ်တစ်ခုသာသာ သာရှိတော့သည်။ ထို့အပြင်ကိုမှ သွေးစီးနေသည့်ညှင်းပန်းမှုသရဖူအား သူကိုယ်တိုင်ကပင်ယူဆောင်ကာ ထိုမကောင်းသည့်ကောင်၏ခေါင်းပေါ်သို့တင်ပေးမိခဲ့သည်။ တကယ့်အမှန်တရားကိုရှာတွေ့ခဲ့တုန်းက ဘယ်လောက်ဒေါသထွက်ခဲ့သလည်းဆိုတာ လူလိုင် ကိုယ်တိုင်သာသိလိမ့်မည်။ 

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now