အပိုင်း ၁၄ ။ အမှိုက်ကြယ်

87 13 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ


အပိုင်း ၁၄ ။ အမှိုက်ကြယ်


မျက်စိတဆုံး မြင်နိုင်သမျှ အကွာအဝေးအထိ အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေပြီး ညစ်ညမ်းသော လေထုထဲတွင် ဇီဝဓာတုလက်နက်များ၏ အနံ့ဆိုးများဖြင့် နံဟောင်ပုပ်ပွလျက်ရှိသည်။

ထိုအချိန်တွင် အာကသယာဉ်တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်။

ယာဉ်အမှုထမ်းများသည် ရေပြုတ်ထားသော ခေါက်ဆွဲဖတ်ကဲ့သို့ ပျော့ခွေနေသော ခြေထောက်များဖြင့် မီးလောင်နေသော ယာဉ်ပေါ်မှ အလု

အယက် ပြေးဆင်းလာကြပြီး မြေပေါ်သို့ရောက်သည်နှင့် သည်းကြီးမည်းကြီး ထိုးအန်ကြလေ

လေတော့သည်။ အချို့မှာ မသောက်ဘဲနှင့် အလိုလို ချာလပတ်လည်ပြီးသားဖြစ်သွားသည်။

အကြောင်းမူကား အမှိုက်ကြယ်ဂြိုလ်ပေါ်မှ ဆိုးရွားသော အနံ့အသက်ကြောင့်မဟုတ်ဘဲ ယာဉ်မောင်းတဖြစ်လဲ အဓိကတရားခံ ကောရှို့၏ သူမတူသော အမောင်းစွမ်းရည်ကြောင့်ဖြစ်သည်။

သူတို့အားလုံးထဲတွင် ရှောင်ယိသည် အခြေအနေအဆိုးဆုံးဖြစ်ပြီး အူကလီစာများ ပြုတ်ထွက်မထွက် အလူးအလဲ ထိုးအန်နေ၏။

ကောရှို့ကမူ စိုးစဉ်းမျှ အားတုံ့အားနာဖြစ်ပုံမရချေ။ တောင့်တင်းနေသော ခြေလက်များကို အားပါးတရ ဆန့်ထုတ်လိုက်ရာ အရိုးနှင့် ကြွက်သားများ ပွတ်တိုက်မိသွားသည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ မျက်စိစွေကြည့်လိုက်သည်။

ကောင်းကင်ပေါ်တွင် မဟာမိတ်တပ်ဖွဲ့၏ တစ်စင်းထဲ ကျန်ရစ်ခဲ့သော အာကာသယာဉ်ကို လှမ်းတွေ့နေရပြီးကောရှို့တို့နှင့် အနီးဆုံးနေရာသို့ အရှိန်လျော့မောင်းလာကာ သက်ဆင်းရန် ကြိုးစားနေပုံရသည်။

၎င်းကိုမြင်သည်နှင့် ကောရှို့ ရုတ်တရက် အော်လိုက်သည်။

"ပစ္စည်းတွေယူပြီး ဘေးလွတ်ရာကို ပြေးကြတော့"

အမှုထမ်းများသည်လည်း သူတို့ ဦးစားပေးလုပ်ရမည့်ကိစ္စကို ကောင်းစွာ နားလည်ကြသည်။ သူတို့အားလုံး အာကာသယာဉ်ထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ပြေးဝင်သွားကြပြီး အရေးကြီး လက်နက်နှင့် ပစ္စည်းကိရိယာများကိုယူကာ ကောရှို့ဦးဆောင်သည့် အနောက်သို့ လိုက်လာကြတော့သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now