အပိုင်း ၉ ။ အမှိုက်ကြယ်

106 12 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၉ ။ အမှိုက်ကြယ်

ကောရှို့ဟာ ပြူးကြောင်ကြောင်လေးနှင့် နူးညံ့လှသည့်ဆံပင်တွေဟာလည်း ဆွဲဖွထားရသည်ကြောင့် ပွရှုပ်နေပြီး လက်ကလေးနှစ်ဖက်က သူ့ခေါင်းသူ ကာကွယ်ဖို့ မြောက်တက်နေကာ တောက်ပပမျက်လုံးလေးတစ်စုံက ပိန်လွလွမျက်နှာလေးပေါ်မှာ ပြူးကျယ်ကာ ကြောင်တောင်တောင်လေး ဖြစ်နေသည့်ပုံလေးက အနည်းငယ် သနားစရာကောင်းစရာလေး ဖြစ်နေသည်။

လူလိုင်ကတော့ လုံးဝမလုံမလဲဖြစ်သည့် အရိပ်အယောင်မပြဘဲ ဘာမှမဖြစ်သည့်ပုံနှင့်လက်ကိုပြန်ရုတ်လိုက်သည်။

လူလိုင်ဟာ အေးအေးဆေးဆေးဖြင့် ထိုင်ခုံနောက်ကို ပြန်မှီထိုင်လိုက်ပြီး ကောရှို့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"မင်းက ငယ်ငယ်လေးပဲရှိသေးတာကို ဘာတွေ အဲ့လောက်ထိ စဉ်းစားနေတာလဲ"

ကောရှို့ နှုတ်ခမ်းဆူလိုက်ပြီး စူပုတ်ပုတ်မျက်နှာပေးလေးဖြင့် ရှုပ်ပွနေသည့်ဆံပင်တွေကို ပြန်သပ်လိုက်ကာ ခေါင်းပြန်မော့လာသည့်အချိန်တွင်တော့ အရင်လို အေးအေးဆေးဆေးပုံလေး ပြန်ဖြစ်နေပြီဖြစ်သည်။

ထိုအရာကိုတွေ့လိုက်ရတဲ့ လူလိုင်ဟာ စိတ်မကောင်းဖြစ်ပြီး အနည်းငယ် နောင်တရချင်သွားသည်။

လူလိုင်သည် ကောရှို့ ဂရုမစိုက်ဟန် ပခုံးတွန့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းပေါ်ကအပြုံးဟာ ခေါင်းမာပြီး ပေကတ်ကတ်နိုင်ကာ နှလုံးသားမရှိသည့်ပုံတောင် ပေါ်နေသည်။

"ငယ်သေးပေမဲ့ ဘဝရဲ့လောကဓံကြောင့်ပေါ့ ဆရာရယ်"

လူလိုင်ရဲ့မျက်တောင်တွေဟာ တစ်ဝက်လောက်ငိုက်ကျနေပြီး ထူထဲလှသည့် ရွှေရောင်ဖျော့ဖျော့မျက်တောင်တွေအောက်တွင် လေငြိမ်သည့်နေ့တွင် တွေ့ရတတ်သည့် ခန့်မှန်းရခက်သည့်ပင်လယ်ကြီးနှယ် ငွေပြာရောင်မျက်ဝန်းတစ်စုံရှိနေကာ ခန္တာကိုယ်က အေးစက်ကာ ခက်ထန်သည့်ပုံပေါ်သည်။

ကောရှို့ဟာ လူလိုင်နှင့် မျက်လုံးချင်းဆုံအောင် မော့ကြည့်လိုက်ပြီး လုံးဝမကြောက်သည့်မျက်နှာထားနှင့် အပြစ်မဲ့အပြုံးလေးတစ်ပွင့်တောင် ရှိနေသေးသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now