အပိုင်း ၁၁ ။ အမှိုက်ကြယ်

94 11 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၁၁ ။အမှိုက်ကြယ်

"တစ်ပတ်ပဲထားလို့ မရဘူးလား"

ကောရှို့သည် လူလိုင်ရဲ့ လမ်းလျှောက်နှုန်းနှင့်ညီအောင် သူ့ကိုမှီအောင် မနည်းအတင်းလိုက်လျှောက်နေရပြီး သနားစဖွယ်အမူအရာလေးဖြင့်လည်း လိုက်လံစျေးဆစ်နေသေး၏။

လူလိုင်ကတော့ မျက်တောင် တစ်ချက်မျှပင်မခတ်ဘဲ လမ်းလျှောက်နေကာ အင်္ကျီအနားစတွေကလည်း အနောက်ဘက်ကို တလူလူလွင့််နေကာ ခြေတံရှည်တွင် ဝတ်ဆင်ထားသည့် စစ်ဘွတ်ဖိနပ်သံကလည်း သတ္တုယာဉ်ကြမ်းပြင်ပေါ်တွင် တဒေါက်ဒေါက်နှင့် စည်းချက်မှန်မှန် ထွက်နေလေသည်။ သူဟာ နှလုံးသားမရှိ အညှာအတာကင်းမဲ့စွာ ပြောလာသည်။

"မရဘူး ၁လပဲ"

ကောရှို့ ကြံရာမရဖြစ်ပြီး အံကြိတ်လိုက်သည်။

"လဝက်ပဲလုပ် လဝက်ဆို တော်ပြီလေ!"

လူလိုင် ၏ လမ်းလျှောက်သည့်အရှိန်က နှေးမသွားဘဲ အပြောင်းအလဲမရှိသည့် စကားကို ထပ်ပြောလာသည်။

"၁ လပဲ"

ကောရှို့ရဲ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး လမ်းလျှောက်နေတာကို ရပ်လိုက်တာကြောင့် နောက်မှာ ကျန်ခဲ့တော့သည်။

လူလိုင် နောက်လှည့်မကြည့်သော်လည်း တစ်ဖက်သူ ကျန်ခဲ့သည်ကို ချက်ချင်းသတိထားမိလိုက်သည်။ သူဟာ မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူကိုယ်တိုင်ပင် သတိမထားမိသည့်အချိန်မှာပဲ လမ်းလျှောက်သည့်အရှိန်ကို အနည်းငယ်လျှော့ပြီးနေပြီ ဖြစ်နေတော့သည်။

ကောရှို့တစ်ယောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး မျက်လုံးတွေအရောင်လက်သွားကာ လူလိုင်ကိုမှီအောင် အရှိန်တင်လိုက်သည်။

လူလိုင်ရဲ့မျက်ခုံးတွေဟာ ပြေလျော့သွားပြီဖြစ်သည်။

သို့သော်လည်း ခဏအကြာမှာပဲ ကောင်ငယ်လေးရဲ့ အရိုးပြိုင်းပြိုင်းထနေသည့် လက်ချောင်းပိန်ပိန်လေးတွေက လူလိုင်ရဲ့လက်ကောက်ဝတ်ကို ရုတ်တရက်ကြီး လှမ်းဆွဲလာလေသည်။ လက်ချောင်းထိပ်လေးတွေက အေးစက်နူးညံ့နေကာ တစ်ချက်ကလေးထိလိုက်ရုံဖြင့် ကျိုးကျေသွားတော့မလိုပင်။ ကောရှို့ရဲ့လက်တွေဟာ လုံးဝအားသုံးထားခြင်း မရှိဘဲ လူလိုင်ရဲ့သန်မာလှတဲ့ လက်ကောက်ဝတ်ပေါ်ကို ဖိကိုင်ထားလေသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now