အမှိုက်ကြယ် - ၁၅

95 14 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ


အပိုင်း ၁၅ ။ အမှိုက်ကြယ်


ကောရှို့ မောင်းနှင်နေသော အာကာသယာဉ် ဂလက်ဆီမြေပုံမှ ပျောက်ကွယ်သွားချိန်တွင် လူလိုင်သည် ပုံမှန် နည်းဗျူဟာအစည်းအဝေးတစ်ခုကို ပြုလုပ်လျက်ရှိသည်။

လူလိုင်၏မျက်ဝန်းများ စမတ်ဘရိန်းပေါ်သို့ အမှတ်မထင် အကြည့်ရောက်သွားသည့်အခိုက်တွင် ရဲရဲတောက်နေသော အနီရောင် အချက်ပြအမှတ်အသားကို မြင်လိုက်ရသည်။ ၎င်းက လူလိုင်၏ အာရုံကို အပြည့်အဝ ဖမ်းစားသွားပြီး အစည်းအဝေးခန်းထဲတွင် ဖြစ်ပျက်နေသမျှကို စက္ကန့်ပိုင်းမျှ မေ့လျော့သွားစေသည်။

ထိုအချိန်တွင် ရစ်ချတ်သည် ပုံမှန် အစီရင်ခံစာကို တင်ပြပြီးသွားပြီဖြစ်ရာ လူလိုင်၏အဖြေကို မတ်တပ်ရပ်စောင့်နေ၏။

လူလိုင် အသိပြန်ဝင်လာပြီး ရစ်ချတ်ကို ခေါင်းညိတ်ပြကာ အသိအမှတ်ပြုလိုက်သည်။ လူလိုင် စက္ကန့်ပိုင်းမျှအသိစိတ်လွတ်သွားသည့်အဖြစ်ကို ဟောလ်တစ်ယောက်မှလွဲ၍ မည်သူမှ မသိလိုက်ကြချေ။

အစည်းအဝေးပြီးသွားချိန်တွင် အရာရှိများအားလုံး တစ်ဦးချင်းစီ ထွက်သွားကြလေတော့သည်။

ဟောလ်ကမူ အတန်ငယ် မရွှင်မပျဖြစ်နေသော မျက်လုံးများဖြင့် လူလိုင်ကို ရှုတည်တည်ကြည့်နေသည်။

လူလိုင် စီဗာ - နာမည်ကြားရုံဖြင့်ရန်သူများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော သူ ၊ မည်သည့် မဟာမိတ်တပ်ဖွဲ့ကမှ စိန်မခေါ်ရဲသော သူ၊ မဟာမိတ်တပ်ဖွဲ့များမှ အဖွဲ့ဝင်တိုင်းနီးပါး သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး လိုက်ယှဉ်ပြိုင်နေရသော သူ၊ လွန်ခဲ့သော ရာစုနှစ်အတွင်း သြဇာအာဏာအရှိဆုံးနှင့် ဂုဏ်ကျက်သရေအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် သူ့ဘဝ၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်နေချိန်တွင် ပုန်ကန်ခဲ့ပြီး လူတိုင်း လေးစားအားကျရသော စစ်နတ်ဘုရားဘဝမှ မဟာမိတ်တပ်ဖွဲ့များအားလုံး အလိုရှိနေသော ဝရမ်းပြေးဘဝသို့ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now