အပိုင်း ၅ ။ အမှိုက်ကြယ်

142 17 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ
အပိုင်း ၅။ အမှိုက်ကြယ်

ကောင်လေးရဲ့ အနောက်မှာရှိနေခဲ့တာကတော့ လိုင်ဘဒ်ယာဉ်ကြီးရဲ့ ကပ္ပတိန်အခန်းဖြစ်သည်။ များပြားလှစွာသော ပျံဝဲနေတဲ့ အတုအယောင်ဖန်သားပြင်တွေဟာ ပုံရိပ်တစ်ခုလုံးကို တောက်ပသောအပြာရောင်အသွင်ဖြင့် ထင်ဟပ်ပြသနေသည်။

ကောင်လေး၏ခန္ဓာကိုယ်သည် သေးသွယ်ပိန်လှီလှသည်။ အမှတ်မထင်လျှင် ကလေးလေးတစ်ယောက်က သူ့ထက် အရွယ်အစားကြီးသည့်လူကြီးများထိုင်သောခုံတွင် ကွေးကွေးလေး ရှိနေသဖွယ်... သို့သော်လည်း မည်သူကမျှ သူ့ကိုအန္တရာယ်မရှိဟု လျှော့မတွက်ရဲကြပေ။

ဗီဒီယိုထဲရှိ အခြားတစ်ယောက်သည် ယာဉ်ပျံကြီးကိုခိုးယူတဲ့နေရာတွင် ပါဝင်ပတ်သက်ခဲ့သူများအနက် တစ်ယောက်ဖြစ်သည်မှာ အသေအချာပင်သည်။ ဒါ့အပြင် ကပ္ပတိန်အခန်းလိုနေရာမျိုးတွင် ဗီဒီယိုရိုက်ပြီး ပို့ရန် ရွေးချယ်လိုက်သည်ကိုကြည့်ခြင်းအားဖြင့် ထိုကြံရာပါသည် ခေါင်းဆောင်တောင်ဖြစ်နေနိုင်သေးသည်။

အရာရှိများအားလုံးသည်လည်း မျက်နှာပျက်နေကြသည်။

ကောင်လေးကတော့ ကင်မရာမှတဆင့် ပြုံးပြုံးပျော်ပျော်ပင် လက်တောင်ဝေ့ယမ်းပြနေသေးသည်။

"ဒါကကျွန်တော်တို့ရဲ့ ပထမဦးဆုံး တွေ့ဆုံခြင်းဆိုတော့ နောက်လည်း ကျွန်တော့်ကို ဂရုစိုက်ပေးကြပါဦး။ ကျွန်တော်ကတော့ ဒီ လိုင်ဘဒ်ယာဉ်ကြီးရဲ့ ကပ္ပတိန်အသစ်ပါဗျာ..."

သူသည် စကားပြောနေတာကို ရပ်လိုက်ကာ ခေတ္တခဏ တွေးတောပြီး စိတ်ပျက်ပျက်ဖြင့်သူ၏နဖူးကို ဖျတ်ခနဲပုတ်လိုက်သည်။ "အို ဆောရီးနော်၊ ကျွန်တော် ဒီယာဉ်ပျံကြီးကို ဒီမနက်ကပဲ နာမည်အသစ် ပြောင်းပေးလိုက်တာကို မေ့နေတာပဲ"

ဖန်သားပြင်ပေါ်က ပုံရိပ်က ရုတ်တရက်ကြီး လိုင်ဘဒ်ယာဉ်ပျံကြီးရဲ့ အပြင်ပန်းဖွဲ့စည်းတည်ဆောက်ပုံအဖြစ် ပြောင်းလဲသွားလေသည်...

မလှမ်းမကမ်းတွင်ရှိနေသော ကြယ်တွေရဲ့ရောင်ခြည်အောက်တွင် မဟာမိတ်ကြယ်ပွင့်ဟုလည်း ခေါ်တွင်ကြသည့် လိုင်ဘဒ်ယာဉ်ပျံကြီး၏ သတ္တုဘောင်ကို ရွှေရည်တစ်လွှာ စိမ်ထားသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now