အပိုင်း ၁၃ ။ အမှိုက်ကြယ်

110 19 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ

အပိုင်း ၁၃ ။ အမှိုက်ကြယ်

ဤသို့ဖြင့် အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

လူလိုင်၏ နောက်ဆုံးပိတ် အဆုံးအဖြတ်တွင် ကောရှို့၏ ပညာသားပါပါ လှည့်ကွက်များနှင့် ဆန်းသစ်သော ပူးပေါင်းကြံစည်မှု နည်းဗျူဟာများကို လက်ခံပေးခဲ့ရုံသာမက မကြာမီတွင် ဖြစ်ပွားလာမည့် စစ်ပွဲအတွက် စေ့စပ်သော အစီအစဉ်များကိုပါ ရေးဆွဲချမှတ်ခဲ့သည်။ နောက်ဆုံးတွင် လူလိုင်သည် လက်အောက်ငယ်သား တစ်ဦးချင်းစီတိုင်းကို ယာဉ်တပ်စုများနှင့် သက်ဆိုင်သော တာဝန်ကိုယ်စီ ခွဲဝေပေးခဲ့သည်။ 

ဤသို့ဖြင့် အားလုံးကို ထွက်သွားခွင့်ပြုပြီးသည့်နောက်တွင် အစည်းအဝေးခန်းမထဲ၌ လူလိုင်နှင့် ကောရှို့တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်မှ ကောရှို့သည် ထိုင်ခုံပေါ်မှ ထလာပြီး လူလိုင်ရှိရာသို့ အေးအေးလူလူ လျှောက်လာသည်။

လူလိုင်ကမူ အလင်းမှတ်ဉာဏ်ထဲမှ ဒေတာအချက်အလက်များကို မျက်မှောင်ကြုတ်၍ အာရုံစိုက်ကြည့်လျက်ရှိသည်။ သူ့ပုံစံမှာ အဆုံးမဲ့ အတွေးကမ္ဘာထဲတွင် နစ်မြောနေပုံရသည်။ မကြာမီတွင် လူလိုင်သည် ကောရှို့ သူ့အနားသို့ လာနေကြောင်း သတိပြုမိသွားပြီး အိပ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ ကောရှို့ထံ ပစ်ပေးလိုက်လေသည်။

ကောရှို့က လူလိုင် ပစ်ပေးသော သကြားလုံးကို ကြည့်ပြီး တအံ့တသြ ဆိုလာ၏။

"အယ် လတစ်ဝက်တိတိ သကြားလုံးဖြတ်မယ်လို့ ပြောထားတာမဟုတ်ဘူးလား?"

လက်ရှိအချိန်တွင် လူလိုင်သည် အတွေးမျိုးစုံဖြင့် ခေါင်းရှုပ်နေခြင်းကြောင့် ကောရှို့ကို သူပြောခဲ့ဖူးသည့် စကားကို ရုတ်တရက် မေ့လျော့သွားခြင်းဖြစ်သည်။ ကောရှို့ထံမှ ထိုစကားကို ပြန်ကြားရချိန်မှသာ သူပြောခဲ့သည့် စကားကို ပြန်သတိရသွားပြီး လက်ဖြန့်ကာ

ပြောလိုက်သည်။

"ဟုတ်တယ် မေ့သွားလို့ ...အခုပြန်ပေး"

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now