Agua

56 7 0
                                    

Agua

"ဒါဆို မင်းကိုယ့်ကိုလက်လွှတ်တော့မလို့လား ‌ကလေး"

"ဘာ....လက်လွှတ်စရာလား....မလွှတ်ဘူး...လုံးဝလက်မလွှတ်ဘူး။Honeyရဲ့လက်ကို ကလေးရဲ့နောက်ဆုံးထွက်သက်အထိဆုပ်ကိုင်ထားမှာ...."

ကျွန်မတို့နှစ်ဦးသားရန်ဖြစ်နေခဲ့ကြတာ။ရန်ဖြစ်တယ်ဆိုတာလည်း နာကျင်စရာကိစ္စတွေနဲ့ဖြစ်တာမဟုတ်ဘူး။ကျွန်မသူ့ကိုဂျီကျနေလို့ သူဒေါသထွက်ပြီး ကျွန်မကိုအော်ဟစ်ခဲ့တာ။

"ဟန်နီကြီးရဲ့လက်ကို ဒီကလေးလေးမလွှတ်ဘူး။ဘယ်တော့မှ......ဘယ်တော့မှ မလွှတ်....."

ကျွန်မရဲ့အသံလေးတွေမှာ ငိုသံလေးပါလာခဲ့တယ်။သူမက ကျွန်မကိုစိုက်ကြည့်နေရာမှ ကျွန်မပခုံးကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်လာခဲ့တယ်။ကျွန်မရဲ့ခန္ဓာကိုယ်သေးသေးလေးကို နံရံဆီသို့ကြမ်းတမ်းစွာဆောင့်တွန်းဖိကပ်ပစ်လိုက်တယ်လေ။

သူ့လက်ထဲမှာ အရုပ်လေးတစ်ရုပ်လိုပါသွားရင်း နံရံမှာဖိကပ်ထားခံရတဲ့ကျွန်မရဲ့မျက်ဝန်းတွေက သူမကိုခပ်ငေးငေးလေးကြည့်နေမိတယ်။သူမကကျွန်မကိုနံရံမှာဖိကပ်ဆောင့်တွန်းထားရင်း ကျွန်မနှုတ်ခမ်းတွေကိုမက်မက်မောမောနမ်းရှိုက်လာခဲ့တယ်။

"မင်းသိလား ကလေး။ကိုယ်မင်းကို နှလုံးခုန်ရပ်မတတ်ချစ်ရတယ်ဆိုတာလေ....မင်းသိရဲ့လား....ဟမ်....."

"ကလေး သိပါတယ် Honey။ကလေး မှားသွားပါတယ်။ဟန်နီကြီးကို ဂျီကျမိတာ မှားသွားပါတယ်"

"မင်းကိုယ့်ကို စိတ်ကြိုက်ဆိုးသွမ်းလို့ရတယ် ကလေး။ကိုယ်စိတ်တိုတာ အဲ့တစ်ခုပဲ....ကိုယ်စိတ်တိုတာလေ.. သိလား"

"Honey....."

သူမမျက်နှာကို မဝံ့မရဲလေးကြည့်ရင်း သူမကိုခပ်တိုးတိုးခေါ်မိတော့ သူမက ကျွန်မကိုယ်လေးကိုပွေ့ယူလိုက်ရင်း အနီးမှာရှိတဲ့စားပွဲပေါ် ပွေ့တင်ပေးတယ်။သူမရဲ့ကြမ်းတမ်းတဲ့လက်တွေကြားမှာ နာကျင်နေရင်းပျော့ခွေလာတဲ့ကျွန်မရဲ့အခြေအနေကို သူသတိပြုမိသွားတယ်လေ။

"ကလေးငယ်..."

သူမရဲ့ခေါ်သံအဆုံးမှာ သူမရဲ့လည်စည်းကို လက်ကလေးနဲ့ဆုပ်ကိုင်ရင်း သူမခန္ဓာကိုယ်ကိုကျွန်မအနားဆွဲယူလိုက်မိတယ်။

To My GirlfriendWhere stories live. Discover now