Apologize

48 5 0
                                    

Apologize

ကျွန်မရဲ့ ဒူးနှစ်ဖက်ကိုဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်မှာထောက်လိုက်တယ်။ကျွန်မရဲ့ဒူးထောက်ခစားခြင်းတွေကို ဟန်နီကြီး သိပ်သဘောကျတတ်တာ...။

ကျွန်မရဲ့ဟန်နီကြီးက သိပ်ကိုထက်မြက်ပြီးရဲရင့်တဲ့အမျိုးသမီးတစ်ဦးပါ။

သူမမှာ တွေးခေါ်ကြံဆတတ်တဲ့ ဦးနှောက်ရှိတယ်။

သူမမှာ ပြတ်သားထက်မြက်တဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေရှိတယ်။

သူမရဲ့အတွေးအခေါ်တွေက အထက်တန်းကျပြီးမှန်ကန်တယ်။

သူမက ဩဇာလွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။

သူမမှာ သိပ်တန်ဖိုးကြီးတဲ့အရှိန်အဝါတစ်ခုလည်းလွှမ်းမိုးထားပြန်သေးတယ်လေ။

သူမရဲ့နှလုံးသားလေးက ကောင်းမွန်ဖြူစင်ပြီး ကြင်နာနွေးထွေးနူးညံ့လွန်းတယ်။

အာ....နှလုံးသားလေးက နူးညံ့ဖြူစင်သန့်ရှင်းလွန်းတယ်ဆိုပေမယ့် သူက အရှုံးပေးတတ်တဲ့သူမျိုးတော့မဟုတ်ဘူးနော်။

သူမက ကြင်နာတတ်ပြီး ပြတ်သားထက်မြက်တဲ့သူ......ဆုံးဖြတ်ချက်မှန်ကန်ပြီး ရဲရင့်တဲ့သူ......တန်ဖိုးကြီးလွန်းပြီး ကျွန်မရဲ့လက်တွေနဲ့ အားကိုးတကြီးမှီခိုဆုပ်ကိုင်ထားရတဲ့ ကျွန်မရဲ့မှီတွယ်ရာ အမျိုးသမီးတစ်ယောက်ရယ်ပါ။

သူမကို ကျွန်မ ယုံကြည်တယ်.....စိတ်ချတယ်......အားကိုးမှီခိုတယ်.....ကပ်တွယ်ချစ်မြတ်နိုးတယ်......နောက်ဆုံးစကားကိုဆိုရရင် သူမရဲ့စိတ်ဆန္ဒတွေနဲ့ပဲ ကျွန်မအသက်ရှင်သန်တယ်။

အဲ့လောက်အထိ သူမက ကျွန်မအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ အမျိုးသမီးတစ်ဦးပါ။

သူမကို ကျွန်မချစ်တယ်.....ဂျီကျတယ်....ချွဲတယ်.....ရစ်တယ်......စိတ်ကောက်တယ်.....သူမကို အနိုင်ယူသလိုလုပ်တယ်.....သူမကို စကားလုံးတွေနဲ့ပြန်ခံပြောတယ်.......အဲ့ဒါတွေ အားလုံးအတွက် အကြောင်းပြချက်က တစ်ခုထဲပဲရှိတယ်။

To My GirlfriendWo Geschichten leben. Entdecke jetzt