Eternal🌧️

60 5 0
                                    

Eternal

ကျွန်မ သေမတတ်ခံစားရတာပေါ့.....။

ဒါပေမယ့် ဒါကိုကျွန်မလုပ်မှဖြစ်မယ်။

ကျွန်မက ဘုရင်မတစ်ယောက်လေ.....ကျွန်မသိပ်ချစ်ရတဲ့သူဆီမှာ ကျေးကျွန်ပြုဖို့ ကျွန်မရဲ့သရဖူကို ကျွန်မရဲ့လက်တွေနဲ့ကိုယ်တိုင်ချွတ်ပေးခဲ့တာ။

ကျွန်မရဲ့မြင့်မြတ်တဲ့ကြည်ဖြူခြင်းတွေက ကျွန်မတန်ဖိုးထားတဲ့ဟန်နီ့အတွက်ပဲလေ။သာမာန်အညတရတစ်စုံတစ်ယောက်ဆီမှာ ကျွန်မဦးညွတ်မှာမဟုတ်ဘူး။

အဲ့ဒီအတွက် ကျွန်မကိုယ်တိုင်ပေးထားခဲ့တဲ့အရာရာကို ကျွန်မပြန်သိမ်းရလိမ့်မယ်။

အဲ့ဒါအတွက် ကျွန်မသိပ်ချစ်ရတဲ့သူက ကျွန်မဘက်မှာမရှိရင်လည်း စိုးရိမ်ခြင်းမရှိပဲ ရင်ဆိုင်ဖို့ကြိုးစားမယ်....သူကိုယ်တိုင် ဖျက်ဆီးပစ်နေတဲ့ကျွန်မရဲ့နောက်ဆုံးထွက်သက်ကို သူကြည့်ရှုခံစားပါစေလေ။

တစ်ခြားအရာတစ်ခုခုဆီမှာ နောက်ထပ် ကျွန်ပြုမခံနိုင်တော့သလို.....နောက်ထပ်လည်း သစ္စာဖောက်မခံနိုင်တော့ဘူး။

ကျွန်မ ကျွန်ပြုဖို့ သစ္စာဆိုထားတာ ကျွန်မကို ပိုင်ဆိုင်တဲ့ ကျွန်မရဲ့ဟန်နီ့ဆီမှာပါ....တစ်ခြားအရာတွေဆီမှာ ကျွန်ခံဖို့ ဆန္ဒရှိ‌မနေသလို.......သစ္စာဖောက်ဖို့ကိုလည်း ကျွန်မ ခွင့်မပြုနိုင်ဘူးလေ။

အခု....ကျွန်မကို သစ္စာဖောက်ဖို့ခွင့်မပြုသလို....ကျွန်ပြုဖို့လည်းခွင့်မပြုဘူး။

ကျွန်မရဲ့အချစ်စစ်ကို ပြန်မရသ၍....ကျွန်မစော်ကားခံနေရတယ်လို့ခံစားရသ၍.....ကျွန်မအလိုရှိရာကို မပိုင်ဆိုင်ရသ၍.....ကျွန်မ အသက်ကိုရင်းပြီးကြိုးစားသွားရလိမ့်မယ်။

အဲ့ဒါအတွက် ငရဲတစ်ခုစောင့်ကြိုနေရင်တောင်မှပေါ့.......ကျွန်မရဲ့ တန်ဖိုးကြီးပြီးမြင့်မြတ်လွန်းတဲ့ချစ်ခြင်းအတွက် ရင်ဆိုင်သွားရလိမ့်မယ်။

ကျွန်မရဲ့ ရင်ခုန်သံတွေရပ်တန့်လုမတတ် ဟန်နီ့ကိုသိပ်ချစ်နေပေမယ့်....ကျွန်မရဲ့အချစ်အတွက် ရင်ဆိုင်မယ်။ဟန်နီ့ရဲ့တစ်ဦးထဲသောအမျိုးသမီးဖြစ်ခွင့်ရတဲ့အထိ ကျွန်မရင်ဆိုင်သွားမှာ....။

ကျွန်မက ထာဝရအတွက်....ဟန်နီ့ရဲ့ဇနီးတစ်ယောက်ပါပဲ။

Avery Yint Han
(Tue,8:57)

To My GirlfriendWhere stories live. Discover now