အပိုင်း(၁၅၃) စိတ်မပါဘူးတဲ့

169 26 0
                                    

ဖန်းကျန့် ငေးတိငေးကြောင်ဖြင့် ဝိနည်းညီညီမရှိသည်ကို တွေ့လိုက်ရသောအခါ လူတိုင်း၏ ဖန်းကျန့်အပေါ် အထင်ကြီးလေးစားမှုမှာ မြစ်ကြမ်းပြင်ထဲသို့ ပြုတ်ကျသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ စုန်းစုန်းမြှုပ်သွားတော့၏။ သို့သော်လည်း ဖန်းကျန့်၏ စွမ်းရည်များကို ပြန်အမှတ်ရသွားသောကြောင့် မည်သူကမျှ ဖန်းကျန့်အား အထင်မသေးမဝံ့သေး။ 

သို့သော် ဖန်းကျန့်တစ်ယောက် တုန်တုန်ရီရီဖြစ်သွားပါစေဟု ကြိတ်ဆုတောင်းနေသူများလည်း ရှိနေသည်။ ၎င်းတို့အကြားတွင် မည်သည့်ရန်ငြိုးရန်စမျှ မရှိ၊ ဖန်းကျန့်ဂုဏ်သိက္ခာကျဆင်းစေလိုခြင်းသက်သက်သာ။

 ပိုင်းယွင်ဇင်ဆရာတော်ကြီးက အရူးမဟုတ်ပေ။ သို့နှင့် သူက ပြုံးလိုက်ပြီး... “ဆရာတော်ဖန်းကျန့် အရှင်က အခုထိ အသက်(၂၀) မပြည့်သေးပါဘူး။ အခုမှ တက်သစ်စရဟန်းပဲ ရှိပါသေးတယ်…။ ဒါပေမယ့် အရှင့်ရဲ့ လက်တစ်ချောင်း ကျောင်းတော်ဟာ ပိုင်းယွင်ဘုန်းကြီးကျောင်းရဲ့ နွေဦးကြိုဆို ဓမ္မသဘင်ပွဲမှာ အရင်နှစ်တွေက မပါဝင်ခဲ့ဘူးဆိုတာ  အရှင်ဘုရားတို့လည်း သတိပြုမိကြမယ်ထင်ပါတယ်။ အဲဒါကြောင့် အရှင့်အနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိသေးတာ နားလည်လက်ခံပေးလို့ရတယ်။ ဒါကြောင့် နွမ်းပါးတဲ့ ကိုယ်တော်က အရှင့်ရဲ့ အမြင်ကို မေးချင်ပါတယ်။"

"အရှင့်အနေနဲ့ တက်သစ်စဘုန်းကြီးတွေရဲ့ တရားဆွေးနွေးပွဲမှာ ဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုယ်စား တရားဟောကြားပေးဖို့ ဆန္ဒရှိပါသလား..။"

ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း၏ အကြည့်က ပြောင်းလဲသွားကြ၏။ သူတို့အားလုံး ဖန်းကျန့်အား အထူးအဆန်းသဖွယ် စိုက်ကြည့်ကုန်ကြ၏။ ဖန်းကျန့်တစ်ယောက် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမည်ကို သူတို့မြင်လိုကြသော်လည်း ကျူရိုးကို စီး၍ မြစ်ပြင်ကို ဖြတ်ကူးပြခဲ့သော လုပ်ရပ်က တက်သစ်စကိုယ်တော်များအကြား ထီးဖြူဆောင်းဘုရင်တစ်ပါးပမာ ဝင့်ဝင့်ကြွားကြွားရှိနေဆဲ ဆိုသည့်အချက်က ငြင်း၍ မရ။ 

ရီရှင်းမှာ ပါရမီရှင်ဖြစ်သော်လည်း အများနှုတ်ဖျားတွင်သာ ရှိသည်။ ဖန်းကျန့်ကဲ့သို့ မြစ်ပြင်ကို ကျူရိုးဖြင့် ဖြတ်ကူးပြနိုင်သော အာဂပုဂ္ဂိုလ်တစ်ယောက်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်လိမ့်မည်နည်း။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now