အပိုင်း(၂၁၀) Ransomware

125 19 0
                                    


တောင်ပေါ်ပြန်ရောက်သည့်နောက် လောကကြီးသည် ဆိတ်ငြိမ်၍လာ၏။ ထိုတောင်မကြီးတစ်လုံး၊ ထိုဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဘုန်းကြီးတစ်ပါးနှင့် မျောက်တစ်ကောင်သည် ဘုရားခန်းမအတွင်း တစ်နေ့နှင့်တစ်ညလုံး ဒူးထောက်ကြလျက်ရှိ၏။

အမျိုးသမီးများ၏ ခွင့်လွှတ်နားလည်မှုကို ရရှိခဲ့သော်ငြား ဖန်းကျန့်ယုံကြည်သည်မှာ သူကား အမှားလုပ်ခဲ့မိလေပြီဟုသာ။ သူ့ကိုယ်သူ ဒဏ်ခတ်ရပါလိမ့်မည်။ ဤကား ကံပင်တည်း။ သူနှင့် စပ်လျဥ်းသော ကံသည် အခြားသူ၏ ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်ပါချေ။ 

သို့နှင့် ဇာတ်သိမ်းသော် မျောက်မှာ အကြောင်းမလှရှာ။ ၎င်းသည် အရိုင်းသဘာဝရှိသဖြင့် မကြာခဏ အပါးခိုတတ်ကာ စိတ်ရူးပေါက်တတ်သည်သာ။ အထူးသဖြင့် ၎င်းရှေ့တူရူ၌ လွတ်လပ်စွာ ပြေးလွှားနေသော ဝံပုလွေကို မြင်ရချိန်၌ ၎င်းမှာ ပါဝင်ဆော့ကစားချင်စိတ်က တဖွားဖွား။ ဆိုပေသည့် ၎င်း၏ အမြှီးမှာ ရှေ့မှောက်ရှိ ဘုန်းကြီးလက်ထဲ ရောက်နေချေသည်။ ရိုကျိုးစွာ ဒူးထောက်နေရုံမှအပါး အခြားမရှိတော့ပြီ။

တောင်ခြေ၌၊ ဘတ်စ်ကားကြီး စက်နှိုးလိုက်ခြင်းနှင့်အတူ ရွာသားများသည် အဖွဲ့သားများကို နှုတ်ဆက်လိုက်ကြ၏။ 'မြို့ဖျက်အလှ'ပြန်သွားချေပြီ။ အရာတိုင်း နဂိုရှိရင်းအတိုင်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။ လူများစွာ၏ မျက်နှာက အပြုံးတို့ ဝေလျက်၊ ထို့အထဲမှ တစ်ဦးကား ဝမ်ရိုကွေ့ပါပေ။

"သူကြီး ဘာလို့ပြုံးနေတာတုန်း၊" ကော်စုန့်က စူးစမ်းလိုက်၏။

"ဘာမှ မဟုတ်ပါဘူးကွာ။ နောက်တော့ မင်းသိလာမှာပါ။ ခုတော့ လျှို့ဝှက်ချက်ပေါ့ကွာ။ ဟား ဟား၊" ဝမ်ရိုကွေ့က ရယ်ပြီးလျှင် ထွက်ခွာသွားလေ၏။

လူတိုင်း ဝေခွဲမရဖြစ်ကျန်ရစ်ကြ၏။

ဘတ်စ်ကားပေါ်၌ ရွှယ်ယင်းသည် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသော လက်တစ်ချောင်းတောင်မကြီးကို ငေးကြည့်နေ၏။ သူ(မ)၏ မျက်ဝန်းတို့ ဖျပ်ခနဲ လက်သွား၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now