အပိုင်း(၂၁၇) ခွေးရူးလိုပဲ

84 12 0
                                    


ဖန်းကျန့်က ဟောင်လန်းလန်းအား ကြည့်လိုက်ပြီးလျှင် .. ဒကာမကြီးက အကုသိုလ်အလုပ်တွေကို လုပ်ထားတာ‌တောင် ဗုဒ္ဓဆီမှာ ဆုတောင်းချင်နေတာလား။ ဟောင်လန်းလန်း … အခု ဒကာမကြီးမှာ အကုသိုလ်တွေ အရမ်းများနေပြီ။ ဘယ်လို ပြန်​ရှင်းမှာလဲ" ဟု မေးလေ၏။

ထိုစကားကို ကြားလိုက်ရသောအခါ ဟောင်လန်းလန်း၏ ရင်ထဲ၌ လှိုက်ခနဲ တုန်ခါသွား၏။ သူ(မ) ထိုကိစ္စကို လျှို့ဝှက်ထားခဲ့၏။ ရွာသားတစ်ဦးမျှ မသိကြပေ။ သူ(မ)၏ ခင်ပွန်းသည်ပင်လျှင် ထိုကိစ္စကို မသိချေ။ သို့သော် ဖန်းကျန့်က အတိအလင်းပြောလိုက်ခြင်းဖြစ်သည်။ ထိုဘုန်းကြီး တစ်ခုခုသိထားရမည်ဟု ဟောင်လန်းလန်းမှတ်ယူလိုက်၏။

ဟောင်လန်းလန်းက ဖန်းကျန့်အား မျက်စောင်းထိုးလိုက်ပြီးလျှင် .. နင် ငါ့အကြောင်း ဘယ်လောက်သိလဲ။ နင်လူတွေကို မသိစေချင်ဘူးဆိုရင် မလုပ်နဲ့လေ။" 

ဖန်းကျန့်က ဘုရားခန်းမဘက်သို့ လျှောက်ထွက် သွား၏။ "တကယ်လို့ သားသမီးလိုချင်တယ်ဆိုရင် ကိုယ့်အပြစ်တွေကို သေချာပြန်စဉ်းစားပါ၊ ဒီနွမ်းပါးတဲ့ ကိုယ်တောင်မှာ ဘာအဆောင်လက်ဖွဲ့မှ မရှိပါဘူး ၊ တစ်ခုတည်းသော အဆောင်က ကုသိုလ်ကောင်းမှုပါပဲ။"

ဟောင်လန်းလန်းက အနောက်မှ ပြေးလိုက်လာပြီး "ဖန်းကျန့် နင်ဘာတွေသိထားလဲ။"

ဖန်ကျန့်က သူ၏ ညာဏမျက်လုံးကို ဖွင့်ကာ ဟောင်လန်းလန်းအား ကြည့်လိုက်ချိန် ၎င်း၏ အကုသိုလ်ကံမြင့်တက်လျက်ရှိကြောင်း သူမြင်တွေ့လိုက်၏။ တစ်ချိန်တည်းမှာပင် လက်ပွားတစ်ထောင်ကွမ်းယင်မယ်တော်၏ တန်ခိုးက သူ့အနောက်မှ ထကြွလာနေသည်ကို သူခံစားလိုက်ရ၏။ ထိုတန်ခိုးအစွမ်းက သားဆုပန်ကွမ်းယင်မယ်တော်၏အစွမ်းနှင့် ခြားနားသည်။ 

ဖန်းကျန့်မှာ ဟောင်လန်းလန်း၏ နောက်မှ ပေါ်ထွက်နေသော သွေးနီရောင်အရှိန်အဝါများကို လှမ်းကြည့်နေမိ၏။ထိုအရာက ဟောင်လန်းလန်း၏ အတွင်းစိတ်မိစ္ဆာတစ်ကောင်ဟု ယူဆရပေမည်။ သို့သော်လည်း သူ၏ ညာဏအာရုံအရ ထိုအရာက ဟောင်လန်းလန်း၏ အကုသိုလ်ကံများဖြစ်မှန်း သူကောင်းကောင်း သိ၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now