အပိုင်း(၂၁၈) ရင်နင့်စရာ ပျော်ရွှင်မှု

97 16 0
                                    

ဖန်းကျန့်ခေါင်းညိတ်လိုက်၏။ "ကိုယ့်ကိုယ်ကို ပြန်မကြည့်တာ ဘယ်လောက်ကြာပြီလဲ ဒကာမကြီး။"

ဟောင်လန်းလန်း ပျာပျာသလဲဖြစ်သွား၏။ သူ(မ)ရှေ့ မှန်တစ်လက်ပေါ်လာ၏။ ထင်ဟပ်လာသော ပုံရိပ်ယောင်ကို ကြည့်မိချိန် သူ(မ)ငိုချလိုက်၏။ ထိုပုံရိပ်ယောင်က ခွေးရူးတစ်ကောင်နှင့် တူနေသည်မဟုတ်ပါလား။ သူ(မ) တိတ်တဆိတ် တရှုံ့ရှုံ့ငိုနေမိ၏။  တစ်ခါမျှ မတွေးမိခဲ့သော ပြဿနာတစ်ခုကို သူ(မ)တွေ့သွား၏။ ထိုနှစ်များအတွင်း ကျန်းစုန်ပြောင်းလဲသွားပြီဟု သူ(မ)ယုံကြည်ခဲ့သည်၊ သို့သော် အမှန်ဧကန်ပြောင်းလဲသွားသူမှာ ၎င်းမဟုတ် မိမိသာ။ ဝေရှောက်ချောင်သေသွားူည့်နောက် သူ(မ)ပြောင်းလဲလာခဲ့သည်။ သူ(မ)ကား ပတ်ဝန်းကျင်ရှိ အရာတိုင်း၊ လူတိုင်းကို သံသယပွားလာတတ်သည်။ အိမ်မက်ဆိုးများ မက်လာခဲ့ကာ မှန်ကြည့်ရန် သဘောမတွေ့တော့။  သူ(မ)သတ်ခဲ့သော ဝေရှောက်ချောင်ကို တွေ့ရမည်ကို ကြောက်လန့်နေသည်။

  မိက်ကပ်လိမ်းနေသည်ဖြစ်စေ မည်သည့်အခါမျှ သူ(မ) ကြည့်မှန်မသုံးတော့ချေ။ မတော်မဆမြင်မိလျှင်ပင် ဆက်မကြည့်မိစေ မျက်နှာလွှဲပစ်လေ့ရှိသည်။ ဤအကျင့်သည် ဆယ်စုနှစ် နှစ်စုမျှ ကြာရှည်လာခဲ့ပြီ။ ယနေ့ ကိုယ့်ရုပ်ကိုယ် ရုတ်တရက်ပြန်မြင်လိုက်သည့်ခဏ သူ(မ)တစ်ခုနားလည်သွားသည်မှာ...မြေပေါ် ထိုင်ချ၍  ရှိုက်ငိုနေပြီးမှ သူ(မ)ဆိုလာ၏။ "အခု တပည့်တော်မနားလည်ပြီ။ ပြောင်းလဲသွားတာ ကျန့်စုန်မဟုတ်ဘူး။ တပည့်တော်မကိုယ်တိုင်ပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး တပည့်တော်မနဲ့ အနီးဆုံးမှာရှိနေတဲ့ အရိုးခြောက်တွေက တပည့်တော်မကို လူမဟုတ်တဲ့ အရာတစ်ခုဆီ တွန်းပို့နေတယ်။ ကျန့်စုန် ဒါကို အရင်ကတည်းက သတိထားမိခဲ့တာဖြစ်မယ်။ သူတစ်ခါမှ မပြောပေမယ့် တပည့်တော်မကို သူမုန်းနေလောက်ပြီ။ အရှင်ဖန်းကျန့် တပည့်တော်မအသက်ဆက်ရှင်ဖို့ ဘာအကြောင်းရှိသေးလဲဘုရား။"

"ကျန့်စုန် ဒကာမကြီးကို မစွန့်ခွာသွားဘူးဆိုမှတော့ သူဒကာမကြီးကို အမြဲတမ်းချစ်နေခဲ့လို့ပေါ့။ အနည်းဆုံးတော့ အတိတ်က ဒကာမကြီး၊ အဲဒီဖြူစင်အပြစ်ကင်းတဲ့ ပန်းပွင့်နေသလို အပြုံးမျိုးနဲ့ ကောင်မလေးကိုပေါ့။ ခုလက်ရှိဒကာမကြီးတော့မဟုတ်ဘူးပေါ့။ သူ့အချစ်ကို ရချင်သေးရင် အရင်လူပြန်ဖြစ်အောင် ကြိုးစားရလိမ့်မယ်။ "

ဗုဒ္ဓစနစ်(၂)Where stories live. Discover now