အပိုင်း(၁၉၆) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၁/၃)

110 20 0
                                    


ထိုစကားကို ကြားလိုက်သောအခါ ဖန်းကျန့်မှာ ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီးလျှင် ပို၍ပင် အကြောက်အကန်ငြင်းဆန်လာပြန်၏။ “နွမ်းပါးတဲ့ ကိုယ်တော်က အဲဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကို မလုပ်နိုင်ဘူး ထင်ပါတယ် .. ။ ဒီကိုယ်တော် တလွဲတချော်လုပ်မိရင် ဒကာတို့ ပိုအလုပ်ရှုပ်ရလိမ့်မယ်။”

“အာ အရှင်ဖန်းကျန့်ရာ တပည့်တော်တောင်းပန်ပါတယ် ..။ တကယ်လို့ လက်မခဘူးဆိုရင် ကိုယ်တော့်ရှေ့မှာ တပည့်တော်ဒူးထောက်လိုက်မှာနော်၊ အကောင်းဆုံးသာ လုပ်လိုက်ပါ ၊ အဓိကက လုပ်ကြည့်မှသာ ရလဒ်ကို ခန့်မှန်းနိုင်မှာပေါ့ ၊ အဲဒီလိုမျိုး သရုပ်ဆောင်တာက ဘာမှ ထွေထွေထူးထူး သိပ်မခက်ပါဘူး ..၊” လင်တုံးရှီက နောက်တစ်ကြိမ် လိမ်ညာပြန်၏။ ဖန်းကျန့်အား သရုပ်ဆောင်ရန် ဆွယ်ဖို့ရာ လိမ်နည်းပေါင်းစုံကို သူထုတ်သုံးနေရ၏။

လင်တုံးရှီတစ်ယောက် ချက်ချင်းဒူးထောက်ချမည့်ဟန်ပြင်နေသောကြောင့် ဖန်းကျန့်က အလျှင်အမြန် လက်ဖြင့် ဖမ်းကာ တားဆီးလိုက်ရ၏။ 

ဖန်းကျန့် အတန်ငယ် တွေဝေနေမှန်း လင်တုံးရှီက သတိပြုမိ၏။ သို့သော်လည်း သနားစဖွယ်ဟန်ဖြင့် သူဒူးထောက်ရန် ပြင်ဆင်နေသော်လည်း ထိုဘုန်းကြီး၏ လက်က ကျောက်သားပမာ ခိုင်ခံ့မြဲမြံလှကြောင်းသူသတိပြုမိ၏။ သူမည်မျှပင် အားစိုက်ထုတ်ပါစေ၊ ဒူးထောက်ချ၍ မရပေ။ လျိုလိသည်ပင် ထိုသို့ မလုပ်နိုင်ပေ။ ထိုဘုန်းကြီးကား အလွန်စွမ်းဆောင်ရည်ရှိသည်က အမှန်ပင် ဖြစ်လေသည်။

ထို့ကြောင့် လင်တုံးရှီမှာ ဖန်းကျန့်အား ဖိတ်ခေါ်ရန်အတွက် ပို၍ စိတ်အားထက်သန်လာ၏။ သူသည် နည်းလမ်းစုံထုတ်သုံးကာ အမျိုးမျိုး အဖုံဖုံ တောင်းပန်တော့၏။ သူပို၍ စိတ်ဓာတ်ကျလာမိလေပြီ။ မြို့ဖျက်အလှကား အဖျက်စွမ်းအား ကြီးမားသည့် ဗုံးတစ်လုံးပင်။ သူ(မ)အတွက် အသက်ပေးမည့်သူများ အမြောက်အများရှိကြသည်။ ထို့ကြောင့် လင်တုံးရှိမှာ ဤကိစ္စသာ အဆင်မပြေပါက သူသေနိုင်သည်ဟုပင် ထင်မှတ်မိတော့၏။

ဝမ်ရိုကွေ့မှာ လင်တုံးရှီတစ်ယောက် တောင်းပန်နေသည်ကို ကြည့်မနေနိုင်တော့ချေ။ ထို့ကြောင့် ဖန်းကျန့်အား ဝင်ပြောလိုက်ရတော့၏။ “အရှင်ဖန်းကျန့် .. ဘာဖြစ်လို့ မစမ်းကြည့်တာလဲ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို ကူညီပေးလိုက်ပါလား။မလုပ်နိုင်ရင်လည်း သူတို့ အရှင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။”

ဗုဒ္ဓစနစ်(၂)Место, где живут истории. Откройте их для себя