အပိုင်း(၂၂၆) အမွှေးတိုင်သုံးချောင်း

108 16 0
                                    

ဝမ်ရိုကွေ့နှင့် အခြားသူများ သူ့အား တောင်ခြေ၌ စောင့်ဆိုင်းနေသည်ကို ဖန်းကျန့်တွေ့လိုက်ရ၏။ သို့နှင့် ဝမ်ရိုကွေ့ထံသို့ ခပ်သုတ်သုတ်သွားကာ နှုတ်ဆက်လိုက်လေ၏။

လက်တစ်ချောင်းကျေးရွာတွင် ဝမ်မိသားစုသည် မိသားစုဝင်ဦးရေများပြားလှသော အကြီးဆုံးမိသားစုတစ်ခုလည်း ဖြစ်ပေသည်။ ဝမ်ရိုကွေ့၏ စကားများအရ ယခင်က ကျေးရွာကို ဝမ်မိသားစုရွာဟု ခေါ်ဆိုခဲ့ကြသော်လည်း နောက်ပိုင်းမှသာ ပြောင်းလဲလာခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်မိသားစုသည် ကျေးရွာတစ်ခုလုံးကို အပြည့်အဝမလွှမ်းမိုးနိုင်သော်လည်း ၎င်းတို့၏ အဆွေအမျိုးများက ရွာတစ်ဝက်ခန့်ပင် ရှိပေသည်။ ကျန်ရှိသော အခြားမိသားစုများကမူ အခြားမျိုးရိုးနာမည်ဖြင့် ရှိကြပေသည်။

ဝမ်မိသားစုတွင် ဘိုးဘေးဂူသင်္ချိုင်း သီးသန့် ထားရှိ ထားပေသည်။ အခြားမိသာစုများသည်လည်း ၎င်းတို့အတွက် သင့်တော်မည့် နေရာ၌ ဂူသင်္ချိုင်းများ သီးသန့်ထားရှိကြပေသည်။

ဝမ်ရိုကွေ့က စောစောစီးစီးကြိုတင်ပြင်ဆင်ထားသောကြောင့် ဖန်းကျန့်သည် ဝမ်မိသားစု၏ ဘိုးဘေးအုတ်ဂူရှိရာသို့ အလျင်ဦးစွာ သွားလိုက်လေ၏။

ဝမ်ရိုကွေ့မှာ  စိတ်လှုပ်ရှားလာပြီးလျှင် ဖန်းကျန့်အား လက်လှမ်းပြလိုက်ကာ “ကဲ သွားရအောင်လား…။”

လူတိုင်းလိုလို ထရပ်လိုက်ချိန် ဖန်းကျန့်မှာ မလှုပ်မယှက်ရှိနေလေ၏။ ထိုအစား ပန်းပွင့်အကွက်ဆင် ဝတ်ထားသော အမျိုးသမီးတစ်ယောက်အား တည်ငြိမ်စွာ လှမ်းကြည့်လိုက်၏။ ရာသီဥတုက ပူနွေးလာပြီဆိုသော်လည်း မြောက်ပိုင်းသည် တောင်ပိုင်းကဲ့သို့ အအေးမလျော့သေးပေ။ ထို့ကြောင့် ဧပြီလအစောပိုင်းတွင် ထိုကဲ့သို့သော အဝတ်အစားမျိုး ဝတ်ဆင်ထားခြင်းက ရှားသည်။ သို့သော် ယနေ့တွင်မတော့ သူကိုယ်တိုင် ကြုံတွေ့ လိုက်ရလေပြီ။

“အရှင်ဖန်းကျန့် တစ်ခုခု မှားနေလို့လား…။”

ဝမ်ယန်အန်းက ခေါင်းငုံ့ကာ သူ(မ)၏ အဝတ် အစားကို ပြန်ကြည့်လိုက်လေ၏။

ဗုဒ္ဓစနစ်(၂)Hikayelerin yaşadığı yer. Şimdi keşfedin