အပိုင်း(၂၀၄) မျောက်ကို ရိုက်နေပါတယ်

129 21 0
                                    

လီရွှယ်ယင်းသည်လည်း ဝံပုလွေအော်သံကြောင့် ကြောက်ရွံ့သွား၏။ ထို့အပြင် ဝံပုလွေ၏ မျက်နှာမှာလည်း နဂိုကပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည် မဟုတ်ပါလား။ သူ(မ)မှာ ဝံပုလွေအား အလွန်ကြောက်လန့်သွားတော့၏။

ဖန်းကျန့်က သင်းကွဲဝံပုလွေအား မျက်စပစ်ကာ လီရွှယ်ယင်းအား ခြောက်လှန့်ရန် အချက်ပြလိုက်၏။ ကံဆိုးစွာဖြင့် ဝံပုလွေမှာ ၎င်းအား ပို၍ ချစ်စဖွယ်ကောင်းအောင် လုပ်ခိုင်းသည်ဟုသာ အထင်ရောက်သွားပြီး သူ(မ)ထံသို့ အမြီးနှံ့ကာ ပြေးသွားလေတော့၏။ ထို့နောက် ဖန်းကျန့်အား လှမ်းကြည့်ကာ 'ကျေနပ်ပြီလား'ဟူသော အကြည့်ဖြင့် ကြည့်လေ၏။

ဖန်းကျန့်မှာ တစ်ခုတည်းသာ တွေးမိတော့၏။ ထိုအကောင်က ဝံပုလွေမဟုတ်ပေ။ ဝက်တစ်ကောင်သာဖြစ်သည်။

ဝံပုလွေက ချစ်စဖွယ် ပြုမူနေသည်ကို မြင်လိုက်ရသောအခါ လီရွှယ်ယင်းမှာ ရွှင်မြူးလာပြီး ၎င်း၏ခေါင်းကို တဖတ်ဖတ်ပုတ်လိုက်ရင်း “အရှင်ဖန်းကျန့် ဝံပုလွေက လိမ္မာသားပဲနော်။”

ဖန်းကျန့် မည်သို့ ပြောနိုင်ဦးမည်နည်း ။ တဟီးဟီး သွားဖြဲရယ်ရင်းသာ …။

“အရှင်ဖန်းကျန့် ဒါက အရှင့်ရဲ့ အခန်းလား၊" သူ(မ)က အိမ်အတွင်းရှိ တရားထိုင်ရာ အခန်းငယ်ကို ကြည့်ကို မေးလိုက်၏။

ဖန်းကျန့်မှာ ရင်ထဲတွင် လေးလံလာတော့၏။ ထိုအခန်းကား ဘရာစီယာများ၊ အတွင်းခံဘောင်းီများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ လီရွှယ်ယင်းကို သူလုံးဝဝင်ခွင့်မပေးနိုင်ပါချေ။ “ဒါက ဒီနွမ်းပါးတဲ့ ကိုယ်တော်လေးရဲ့ အခန်းပါ ၊ ဒါက မီးဖိုချောင်ပါ။”

“ကြည့်ရတာ ဘေးအခန်းက လသာဆောင်ထင်တယ်နော်။”

ဖန်းကျန့်က “အဲဒါကလည်း တရားခန်းပါ၊ ကိုယ်တော်ရဲ့ ဆရာတော် အရင်က အဲဒီမှာ နေခဲ့ဖူးပါတယ်။”

“တင်ပါ့။ ဘုန်းကြီးကျောင်းက သေးတယ် ဆိုပေမဲ့ အတော်လေး ပြည့်ပြည့်စုံစုံ ရှိသားပဲ .. 

။ အရှင်ဖန်းကျန့် တကယ်ပဲ တပည့်တော်မကို ပေးမဝင်တော့ဘူးလား၊” လီရွှယ်ယင်းက ဖန်းကျန့်ကို ချစ်စနိုးကြည့်ကာ မေးလိုက်၏။ သူ(မ)ထိုကဲ့သို့ အပြုအမူမျိုး မလုပ်သည်မှာ နှစ်ပေါင်း မည်မျှအထိ ကြာမြင့်ခဲ့ပြီကိုပင် မမှတ်မိတော့ချေ။ နာမည်ကြီးလာသည့်နောက်တွင် သူ(မ)လိုချင်သမျှ အရာအားလုံး ရခဲ့ပေသည်။ သူ(မ)အဖို့ အခြားသူများကို သွယ်ဝိုက်ပြောဆိုရန် လိုပါဦးမည်လော။ သိလိုစိတ်ထိန်းမရသောကြောင့် သူ(မ)အတင်းဝင်ရောက်လုနီးပါး။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now