အပိုင်း(၁၆၄)

136 27 0
                                    

မာလောင်က သူ၏ ညီအကို( ၄)ယောက်ကို အော်ဟစ်ပြောဆိုလျက် တက်ကြွသော ကြက်ဖကြီးပမာ ရွာထဲသို့ ဝင်လာ၏။ သူသည် ကြွားလုံးထုတ်ရင်း ရွာအဝင်ဝသို့ ရောက်လာသည်နှင့် ဖန်းကျန့်ထဲ တန်းတန်းမတ်မတ်လျှောက်သွားလိုက်၏။

  

  “အားရိုး….. သောက်ရူးဘုန်းကြီးလေး မင်း အခုထိ မသွားသေးဘူးလား။ ကြည့်ရတာ မင်းကို ဒီနေ့ အရေခွံဆုတ်ရတော့မယ်နဲ့ တူတယ်…။ ဟို အရူးအို တွေရော ခုနက သူတို့ မောက်မာနေကြတာမလား။ ဘယ်သူမှ ပြေးဖို့ မစဉ်းစားနဲ့…။ ငါ မင်းတို့ကို ပြောလိုက်မယ် ဘုန်းကြီး တစ်ပါးက ထွက်ပြေးလို့ရတယ်… သူ့ကျောင်းကတော့ အဟမ်း၊ အဟမ်း… မင်းတို့ အားလုံးကို ငါဒီနေ့ သင်ခန်းစာ ပေးရမယ်။”

 ဖန်းကျန့်က ခပ်သဲ့သဲ့လှောင်ရယ်လိုက်လေ၏။ သူ သည် မက်တပ်ရပ်လိုက်ပြီးနောက် ရွာအဝင်ဝမှ  လျှောက်ထွက်လာခဲ့ပြီးလျှင် လက်အုပ်ချီကာ 

“ အော်မီထောဖော် ဒကာတော်မှာ မကောင်းတဲ့ အငွေ့အသက်တွေ၊ ကံဆိုးမိုးမှောင်မှုတွေနဲ့ အကုသိုလ်တွေ အများကြီး တွေ့နေ ရတယ်။ တကယ်လို့  မေတ္တာစိတ်မမွေးဘူးဆိုရင် ဒကာကပ်ဘေးသင့်ပါလိမ့်မယ်…။” 

“%ဖြစ်လား…. ။အဲဒီလို အသုံးမဝင်တဲ့ ချီးစကားတွေ ငါကို လာမပြောနဲ့… ငါ့ညီအကို တွေကို ရိုက်သွားတဲ့ အတွက် အလျှော်ပြန်ပေးရမယ်…။ငွေတစ်သောင်းပေး၊ တစ်ပြားမှ မလျော့စေနဲ့ ၊ တစ်ပြားလျော့တာနဲ့ မင်း လက်မောင်းကို ငါ ချိုးပစ်မယ်..။”

ထိုသို့ပြောလိုက်ပြီးနောက် “အစ်ကိုကြီးမုတ်ဆိတ် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို နှောင့်ယှက်တာ  ဒီကောင်ပေါ့..၊” မုတ်ဆိတ်က သူ့နောက်တွင် ရပ်နေပေသည်။ မာလောင်နှင့် သူ့လူများက အရပ်မြင့်သောကြောင့် သူ့ရှေ့တွင် ဘာဖြစ်နေကြောင်း သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သူ့အနေနှင့် နောက်ဆုံးအချိန်ကျမှ ဘော့စ်တစ်ယောက်ကဲ့သို့ ထွက်လာရမည်ဖြစ်ရာ သူ ရှေ့သို့ ကြိုမထွက်သွားခြင်းဖြစ်သည်။ သူ့ကို လာကြိုမည့် အချိန်ကိုသာ သူစောင့်ဆိုင်းရလိမ့်မည်။ မာလောင်ပြောလိုက်သည်နှင့် မုတ်ဆိတ်က သူ၏ ရင်ဘတ်ကို အသာအယာပုတ်ကာ ရှေ့သို့ ထွက်လာလိုက်လေ၏။ ထို့နောက် သူက ကျယ်လောင်စွာ  အော်ဟစ်ပြောဆိုလိုက်တော့၏။ 

ဗုဒ္ဓစနစ်(၂)Tempat cerita menjadi hidup. Temukan sekarang