အပိုင်း( ၂၀၉) အကြင်နာတရားဟာ အလှတကာတို့ထက် အလှဆုံးပါ

90 19 0
                                    


   ​ခေတ္တမျှ ဆွံ့အသွားကြပြီးနောက် အမျိုးသမီးတစ်စုက နောက်ဆုံးတွင် ဝါးခနဲ ရယ်ချလိုက်လေ၏။ ဖန်းကျန့်မှာ ထိုအချင်းအရာကို မြင်သောအခါ အတန်ငယ် ကြောင်အမ်းသွား၏။ မည်သည့်အရာများ ဖြစ်နေကြသနည်း။ ထိုသူတို့မှာ စိတ်မဆိုးသည့်အပြင် အဘယ့်ကြောင့် ရယ်မောနေကြသနည်း။

 ပါးထက်တွင် မှဲ့တစ်လုံးရှိသော မိန်းကလေးတစ်ယောက်က ရယ်မောလိုက်ပြီးနောက် ဖန်းကျန့်အား လက်ညှိုးထိုးလျက် "ဆရာတော်၊ ဆရာတော် ဘယ်တော့မှ မပြောတော့ဘူးလို့ တကည့်တော်မ ထင်ထားတာ။ လုံး၀မထင်ရဘူးပဲ ဟား ဟား။ ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်။ ဟဲ့ကောင်မတွေ နင်တို့ ယူသွားတဲ့ ပိုက်ဆံ ငါ့ကို ပြန်ပေးလိုက်စမ်း။ ငါသိတာပေါ့။ အရှင်ဖန်းကျန့်က တပည့်တော်မကို ဘယ်တော့မှ စိတ်မပျက်စေဘူးဆိုတာ။"

 

    အခြားအမျိုးသမီးတစ်ဦးက အတွန့်တက်လိုက်၏။"အရှင်ဖန်းကျန့် ဘာလို့ ဒီလောက်အပြစ်ကင်းရတာလဲ။ အဲဒီကိစ္စကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပါတော့လား။ တစ်လစာတော့ သွားပါပြီဟယ်။"

    

    "ဟုတ်ပါတယ် အရှင်ဖန်းကျန့်ရယ် အရမ်းလွန်လွန်းတယ်။ အိမ်ပြန်ရောက်ရင် အမကို​ဘုန်းကြီးတစ်ပါးက တပည့်တော်မကို ကြိုက်တဲ့ အတွက်ကြောင့် တပည့်တော်မရဲ့ အတွင်းခံတွေ ခိုးသွားတယ်လို့ ပြောမလို့ လုပ်ထားတာကို၊"  မျက်မှန်တပ်ထားသော အမျိုးသမီးကလည်း ရယ်ချင်စိတ်ကို အောင့်အီးကာ ထိုသို့ပြောလိုက်လေ၏။

    

 ဖန်းကျန့်မှာ ထိုမျက်မှန်တပ်ထားသော အမျိုးသမီးအား ကြည့်ကာ ကြောင်အမ်းအမ်းဖြစ်နေတော့၏။ 'ဘာဖြစ်နေတယ်ဆိုတာ တစ်ယောက်လောက် ပြောပြကြပါဦးလား။'

 

လီရွှယ်ယင်းမှာလည်း နည်းတူ။ ဒါရိုက်တာယွီ .. လင်တုံးရှီနှင့် အခြားသူများသည်လည်း ကြောင်အမ်းအမ်းဖြစ်နေကြ၏။ သူတို့စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာ၏။ 'ဘာတွေ ဖြစ်နေကြတာလဲ။' လီရွှယ်ယင်းက ပါးထက် မှဲ့ရှိသော အမျိုးသမီးအား မေးလိုက်၏။  "ရှောင်လင် ဘာတွေ ဖြစ်နေကြတာလဲ။" 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now