အပိုင်း(၁၇၆) ပြာပုံ

133 25 0
                                    


ဖန်းကျန့်မှာ စိတ်သက်သာရာရလျက် ပင့်သက် ရှိုက်လိုက်မိလေတော့၏။ သို့သော် ယခုမှ အစပိုင်းသာ ရှိသေးသောကြောင့် သူစိတ်ချလက်ချမနေရဲသေး။ ဖန်းယွင်ကျင့်၏ စိတ်ထဲတွင် ခံစားနေရသော စိတ်ဒဏ်ရာကို ဖျောက်ဖျက်ပစ်နိုင်ရန် မလုံလောက်သေးချေ။ အစမှ အဆုံးထိ ဖန်းကျန့်သည် ဖန်းယွင်ကျင့်၏ အိမ်မက်ကို လုံးဝကြားမဝင်ခဲ့ပေ။ 

အရာအားလုံးမှာ အစစ်အမှန်အတိုင်း ဖြစ်ပျက်နေကြ၏။ ဖန်ယွင်ကျင့်မှာ ကိုယ်တိုင်တွေ့ကြုံခံစားနေရသော်လည်း သူ(မ)ကိုယ်သူ(မ) ပိတ်ဆို့ထားသည့် အတွက်ကြောင့် ဖြစ်ပျက်သမျှ အရာအားလုံးကို လုံးဝမမြင်နိုင်ပေ။ ယခုမတော့ ဖန်းကျန့်က ထိုအဖြစ်အပျက်ကို ပြန်လည်တူးဆွပြီး သူ(မ)ကို ပြန်ပြသလိုက်ခြင်းဖြစ်ပေသည်။ ထို့အပြင် အစစ်အမှန် ဖြစ်ရပ်များကိုပါ သူထပ်မံထည့်သွင်းလိုက်သေးသည်။ 

ဥပမာ ရဲသားများ၊ မီးပွိုင့်လမ်းကြောင်းများ စသည်ဖြင့်။ ထိုအချိန်တွင် အရေးပေါ်အခန်းတံခါးက ရုတ်တရက် ပွင့်လာခဲ့၏။ ERဒေါက်တာ ထွက်ပေါ်လာပြီးနောက် မောပန်းနွမ်းနေဟန်ဖြင့် နဖူးမှ ချွေးစက်များကို သုတ်လိုက်လေတော့၏။ အတန်းပိုင်ဆရာမသည်လည်း ကမန်းကတမ်းပြေးဝင်လာပြီး အခြေအနေကို မေးမြန်းစုံစမ်းလိုက်ရာ ဆရာဝန်က သက်ပြင်းချပြီးလျှင် ခေါင်းကို ခါယမ်းလိုက်၏။ မည်သည့်အရာ ဖြစ်ပျက်သနည်းဆိုသည်ကား အသိအသာပင်။

 ဖန်းယွင်ကျင့်မှာ ဒူးထောက်ထိုင်လျက် တုန်တုန်ယင်ယင်ဖြင့် ပြိုယိုင်လဲလုမတက်ဖြစ်လာတော့သည်။ သူ(မ)ကား သတိမေ့မျောလုမတတ်။

 ဖန်းကျန့်က သူ၏လက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်ကာ ဆရာဝန်ကို စကားလှမ်းပြောစေလိုက်၏။“ခင်ဗျားတို့က လူနာရှင်တွေလား။ အဲ့ဒါဆိုရင် အထဲဝင်ပြီးတော့ တစ်ချက်သွားကြည့်လိုက်ပါ။”

ဖန်ယွင်ကျင့်မှာ သူ(မ)၏ ခြေထောက်ကို အနိုင်နိုင်အားယူမြှောက်၍ အရေးပေါ်အခန်းတွင်းသို့ ဝင်ရောက်သွားလေတော့၏။ 

“အဖေ....၊ အမေ... ၊ မောင်လေး၊ အဟင့်... ။"

"ရှောင်ယွင်။” 

ဗုဒ္ဓစနစ်(၂)Opowieści tętniące życiem. Odkryj je teraz