အပိုင်း(၂၀၁) ပြဿနာတက်ပြီ

105 21 0
                                    


ယွီကွမ်းစစ်က သက်ပြင်းချလိုက်လျက် "အရှင်ဖန်းကျန့် အတိတ်မှာ ဒါမျိုးကိစ္စဖြစ်ခဲ့ရင် တစ်ယောက်ယောက်ကို ရှာဖို့ တပည့်တော် သေချာပေါက် ယုံကြည်ချက် ရှိမှာပဲ။ ဒါပေမယ့်အရှင့်ရဲ့ သရုပ်ဆောင်အရည်အချင်းကို မြင်လိုက်ရတော့ အဲဒီနေရာကို နောက်ထပ် လူတစ်ယောက် အစားထိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နောက်ထပ် ရိုက်ရမယ့် အခန်းတွေလည်း သိအကျန်တော့ပါဘူး။"

ဖန်းကျန့်က ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီးလျှင် "ဒီကိုယ်တော့်စိတ်ထဲ တချို့အတွေးတွေ ရှိနေသေးတယ်။ အဲဒါကြောင့် စိတ်ကို ငြိမ်ငြိမ် ထားလို့ မရဘူးဖြစ်နေတယ်။ အဲဒီတော့ ထပ်မပြောပါနဲ့တော့။ ပြီးတော့လည်း ဒီကိုယ်တော် ခြံထဲဆင်းဖို့လည်း ရှိသေးတယ်လေ၊" ဖန်းးကျန့်လိမ်ညာနေခြင်း မဟုတ်ပါပေ။ သလင်းဆန်များကြီးထွားရန်အတွက် တရားစာများ ရွတ်ဖတ်ပေးရန် လိုအပ်သည်။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်ခန့် ရွတ်ဖတ်ပေးရန် လိုအပ်သည်။ မည်မျှအထိကြာမည်ကို သူမသိပေ။ အခြေအနေကောင်းပါက သူတစ်နေကုန် ရွတ်ဖတ်ရသည်အထိ ဖြစ်လာနိုင်သည်။

ဖန်းကျန့်မှ သရုပ်ဆောင်ရန် ငြင်းဆန်နေသည်ကို မြင်လိုက်ရသောအခါ ယွီကွမ်းစစ်မှာ ဝေဝါးဝါး ပြုံးလိုက်မိ၏။ သူနောင်တရသလို ခံစားမိသော်လည်း သူ့အတွက် တမင်တကာ ဇာတ်ကွက်များ ချန်လှပ်ထားသေးသောကြောင့် သူအသက်ရှုချောင်သွား၏။

ဖန်းကျန့်သည် ယွီကွမ်းစစ်ကို ပြန်လွှတ်လိုက်ပြီးသောအခါ တံခါးကို ပိတ်လိုက်ပြီး ဗောဓိပင်အောက်သို့ ပြန်လာခဲ့လေ၏။ သူ့ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီး သတ်ဖြတ်ခြင်းနှင့် ပတ်သတ်၍ အမှား၊ အမှန်ကို စဉ်းစားကြည့်လိုက်၏။ သတ်ဖြတ်ခြင်းဟူသည် အပြစ်ရှိပေသည်။ ဖန်းကျန့်မှာ ဝေဝါးဝါးဖြစ်လာ၏။

"စနစ် .. လူတစ်ယောက်ကို သတ်တာက အပြစ်လား ၊ အခြေအနေတွေကို ထည့်မတွက်ရင်လူသတ်တာက အပြစ်လား။"

{"သင့်ရဲ့ မေးခွန်းကို ကျွန်ုပ်မဖြေနိုင်ပါဘူး။ သင်ကိုယ်တိုင်ပဲ နားလည်ပါလိမ့်မယ်၊ တကယ်လို့ သင်သေချာသုံးသပ်ကြည့်လိုက်ရင် အဖြေရှိပ့တယ်။ အင်တာနက်မှာ လိုက်မရှာနေပါနဲ့ ၊ ဒီလောကကြီးထဲက ဘုန်းကြီးတွေဟာ လူသတ်တာကို အပြစ်လို့ ယုံကြည်ထားပါတယ်။"}

ဗုဒ္ဓစနစ်(၂)Where stories live. Discover now