အပိုင်း(၂၀၃) နောက်ဖေးခြံဝင်းထဲ ဝင်ခွင့်မရှိ

111 17 0
                                    

ပစ္စည်းများကို သိမ်းဝှက်ရာတွင် ထိုတိရိစ္ဆာန်သုံးကောင်မှာ ဆရာတစ်ဆူပင်။ ဝံပုလွေက ကျင်းတူး၏။ မျောက်က ခေါင်မိုးထက် ပြေးတက်သွား၏။ ရှဉ့်က သစ်ခေါင်းပေါက်ထဲ သိမ်းဆည်း၏။ ရုတ်ချည်းဆိုသလို အခန်းအတွင်းထဲရှိ ဘရာစီယာများ အတွင်းခံများ လေပေါ် ဝေ့ဝဲပျံသန်းကုန်ကြ၏။ ဘရာစီယာများက နေရာအနှံ့ ပြန့်ကြဲလျက်။ တိရိစ္ဆာန်များက ကျောင်းဝင်းတစ်ခုလုံးတွင် နေရာအနှံ့ လိုက်ဝှက်ကြ၏။

ဖန်းကျန့်မှာမူ အနောက်ဘက်ခြံဝင်းထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေမှန်း မသိပေ။ ကျောင်းဝင်းတံခါးကို ဖွင့်လိုက်ပြီးလျှင် အပြုံးနှင့် လက်အုပ်ချီလိုက်ကာ “အော်မီထောဖော် ..၊ ဒကာမ  ကိစ္စရှိလို့လား။”

“တစ်ခုခု မဖြစ်ရင် လာမရတော့ဘူးလားဟင်” လီရွှယ်ယင်းက သူ(မ)ကို တားဆီးသည့်အတွက် ဖန်းကျန့်အား ခပ်တည်တည်ပြန်စိုက်ကြည့်လိုက်၏။

ဖန်းကျန့် ဘာများပြောနိုင်ဦးမည်နည်း ။ သူ(မ)ကို ရိုက်နှက်ပြီး ကန်ထုတ်ရမည်လော။ မလှမ်းမကမ်းတွင် ရပ်နေရင်း သူ(မ)ကို ဝင်ပါဟု အချက်ပြလိုက်ကာ .. “အဲဒီလို မဟုတ်ပါဘူး။  တကယ်လို့ အမွှေးတိုင်ထွန်းပြီး ဗုဒ္ဓဆီမှာဆုတောင်းစရာရှိတယ်ဆိုရင် ဝင်လာခဲ့ပါ ။ ဘာမှ မရှိတော့ဘူးဆိုရင် ဒီဘုန်းကြီး ပြန်နှင့်ပါတော့မယ်။” ဖန်းကျန့်မှာ ကျောင်းနောက်မှ ကိစ္စကို စိတ်မလုံပေ။ ထိုတိရိစ္ဆာန်များက ဉာဏ်ကောင်းသော်လည်း သူ့အား ဒုက္ခမပေးနိုင်ဟု ပြော၍ မရပေ။

လီရွှယ်ယင်းက ခပ်ယဲ့ယဲ့ပြုံးလျက် “.. အရှင်ဖန်းကျန့် ..တပည့်တော်မ ရိုးရိုးသားသားပဲ ပြောပါတော့မယ် ၊ ဒီမှာ လာပုန်းတာပါဘုရား။”

“လာပုန်းတာ ..” ဖန်းကျန့်မှာ တုန်လှုပ်သွားလေ၏။ အပြင်ဖက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေမှန်း သူမသိသော်လည်း သူ(မ)ကဲ့သို့သော နိုင်ငံတကာတန်းဝင်ရုပ်ရှင်မင်းသမီးတစ်လက်အနေဖြင့် အဘယ့်ကြောင့် ပုန်းအောင်းရမည်နည်း။

“တင်ပါ့ .. ။ ဟူး .. ဘာဖြစ်လို့လဲတော့ မသိဘူး။ ရုပ်ရှင်အဖွဲ့ထဲ မနေ့ညက သူခိုးဝင်တယ်လေ။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now