အပိုင်း(၂၂၁) သတင်းထူး

93 16 0
                                    

{“ဒါက သင့်ရဲ့ ခံစားခွင့်ပါ။ သင့်ကို ဧည့်သည်တော်အဖြစ် တရားဝင်အပ်နှင်းလိုက်ကတည်းက သင်ဟာ လတိုင်း ကုသိုလ်၁၀၀မှတ်ရရှိနေမှာဖြစ်ပါတယ်။ အတိအကျပြောရရင် အမှတ်၁၀၀ဖြည့်သွင်းပေးပါတယ်။ သင်သာ တစ်လကို ကုသိုလ်မှတ်၁၀၀ထက်ပိုရခဲ့ရင် စနစ်က သင့်ကို အပို၁၀၀မှတ် ထပ်ဆောင်းဖြည့်ပေးပါလိမ့်မယ်။ ဆက်ပြီး အဲဒီပုံစံအတိုင်းပါပဲ…။”}

“မိုက်တာကွာ၊” ဖန်းကျန့် ဝမ်းသာအယ်လဲဖြစ်သွား၏။ သူတစ်စုံတစ်ရာနားလည်သွား၏။ “မဟုတ်သေးပါဘူး။ ဒီအတိုင်းဆို ငါ့အမှတ်က ပိုများနေရမှာမဟုတ်လား။”

{“ဒါက ကျွန်ုပ်စကားပြောနေတုန်း သင်ပစိပစပ်များလို့ပါ၊”} စနစ်က မာထန်ထန်ပြော၏။

ဖန်းကျန့်မှာ မနေနိုင်စွာ သတင်းဖတ်ရာမှ တွေ့သော ဟာသတစ်ခုကို ပြေးသတိရသွား၏။ ‘ပစိပစပ်…ပါးစပ်…ဟက်ဟက်…။’

ဖန်းကျန့်ရှေ့သို့ မိုးကြိုးတစ်စင်းက ဝုန်းခနဲ ပစ်ချလာ၏။ သူ့အား ထိမှန်ခြင်းတော့မရှိသေး။

ဖန်းကျန့်- “ဟ $…။”

ထိုအချိန်တွင် မိုးကြိုးလျှပ်စီးများက သူ့ခေါင်းထက်မှနေ၍ သူ့အား တည့်တည့်ပစ်လွှတ်တော့မည့်ဟန် ချိန်ရွယ်ထားကြ၏။

“ရေနာရီ၊” သူစကားပြောင်းလိုက်၏။

မိုးကြိုးများ ပျောက်ကွယ်သွားသည့် အခါမှသာလျှင် ဖန်းကျန့်သည် နဖူးထက်ရှိ ချွေးများကို သုတ်လိုက်ပြီး မသာမယာဖြင့် ပြောလိုက်၏။

“စနစ် .. မင်း နည်းနည်းပါးပါးလေး အကျိုးအကြောင်းသင့်လုပ်လို့ မရဘူးလား၊ ငါဘာတစ်ခွန်းမှ မပြောရသေးဘူးလေ။ မင်းဘာလို့ ငါ့ကို မိုးကြိုးပစ်တာလဲ ၊ ငါဆဲတယ်ဆိုရင်တောင် အခုမှ ဒီနေ့အတွက် ပထမဆုံးအကြိမ်ပဲ ရှိသေးတာလေ။ မင်းဘာလို့ ငါ့ကို မိုးကြိုးနဲ့ ပစ်ရတာတုန်း။”

{“ကျွန်ုပ် သင့်ကို မျိုးဆက်တွေထဲက အထူးချွန်ဆုံး ဘုန်းကြီးတစ်ပါးဖြစ်အောင် လုပ်ပေးနေတာပါ။ သင့်စိတ်ထဲမှာ ရှိတဲ့ အတွေးတွေက မရှင်းလင်းဘူး။ ပြီးတော့ ကျွန်ုပ်ဘယ်လိုမှ သည်းခံလို့ မရတဲ့ ကိစ္စတစ်ခုကို တွေးလိုက်မိလို့ပါ။”}

ဗုဒ္ဓစနစ်(၂)Where stories live. Discover now