အပိုင်း(၂၁၆) ကိုယ့်အပြစ်ကိုယ် သိရဲ့လား

111 17 0
                                    

ထိုစကားကို ကြားလျှင် ဖန်းကျန့်ကြောင်အမ်းအမ်းဖြစ်သွား၏။ သူ့ကျောင်းနှင့်ပက်သက်၍ တစ်ခွန်းမျှ မကြွေးကြော်ထားဖူးသော်ငြား ရင်သွေးနှင့် ပက်သက်လာလျှင် အစွမ်းထက်သည်ကိုမူ ကျိန်းသေပေသည်။ 'ဘာလို့ မလုပ်မဖြစ်ရမှာလဲ။'

ဟောင်လန်းလန်းအား သူအနည်းငယ် အထင်ကြီးမိပေသည်။ မည်သို့ဆိုစေ ဘုန်းကြီးကျောင်းသို့ ရောက်လာသူအများစုသည် အမွှေးတိုင်ကပ်လှူရန်လာသော ရွာနီးစပ်ချုပ်မှ လူများပင်။ ဟောင်လန်းလန်းမှာ သူနှင့် စိမ်းလှသူမဟုတ်ရာ ၎င်း၏ အမည်ကို သူသိပေသည်။ ထိုစဥ်က သူ(မ)သည် သုတ်တက်ရိုက်ရောက်လာခဲ့သည်။ အဆင်မြင့်အမွှေးတိုင်ကို ကောက်ယူ၍ ငွေနှစ်ရာထားခဲ့ပေသည်။ ဒူးထောက်ကန်တော့ပြီးနောက် သူ(မ)ထွက်သွားခဲ့သည်။ ထိုစဥ်က သူ(မ)အရေးကြီးကိစ္စရှိ၍ဟု သူတွေးခဲ့သည်။ခုကြည့်ရသည်မှာ ယင်းက သူ(မ)ဝသီပင်။

"စနစ်ရေ ဘာတဲ့တုန်း၊" သူမေးလိုက်၏။

ဆိုပေသိ စနစ်တော်က လုံးလုံးလျားလျားကစ်ပယ်ထား၏။

ဖန်းကျန့် အျက်မှောင်ပသာကျုံ့လျက် ၎င်း၏ အကြည့်ထန်ထန်ကို စိုက်ကြည့်လိုက်၏။ ၎င်းနောက်မှ လူသိုက်လည်း နည်းတူ။ ၎င်းတို့်မျက်လုံးများမှာ သွေးဆာသော ဝံပုလွေနှယ်။ သင်းကွဲဝံပုလွေကြောင့်သာ မဟုတ်လျှင် ထိုသူများ ကျောင်းကို ထုနှက်ပြီးသည်မှာ ကြာလှပြီ။ ဖန်းကျန့် လက်အုပ်ချီလိုက်၏။ "အောမီထောဖော်၊ နွမ်းပါးတဲ့ ဒီကိုယ်တော် အဲဒီလို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ကိုယ်တော်ပြောတာက အစွမ်းထက်၊ မထက်က ရိုးသားမှုအပေါ် မူတည်ပါတယ်။"

"ရိုးသားမှု၊ ငါမရိုးသားလို့လား။ ငါအကောင်းဆုံးအမွှေးတိုင်ကို ကန်တော့ခဲ့တာပဲ။ ရိုးရိုးအမွှေးတိုင်ကန်တော့တဲ့လူက ဗိုက်ကြီးနေပြီ၊ ငါကျတော့ မရဘူး။ နင် ငါ့ကို သေချာမရှင်းပြနိုင်ရင် င့သတိကေးလိုက်မယ်။ ဒီကျောင်းကို ဆက်ထားဖို့ မစဥ်းစားနဲ့။ နင့်တံခါးဝမှာ ငါစောင့်နေမယ်၊ ဘယ်သူအမွှေးတိုင်လာထွန်းရဲမလဲ။"

ကျန်လေးဦးက ထောက်ခံကြောင်း အသံပေးကြ၏။ သူတို့ တစ်သံတည်းကြွေးကြော်သည်မှာ "ဒီနေ့ ငါတို့ကျေနပ်အောင် မရှင်းပြနိုင်ရင် မင်းကျောင်းထဲ ဘယ်သူမှ မဝင်ရဘူး။"

ဗုဒ္ဓစနစ်(၂)Where stories live. Discover now