အပိုင်း(၂၀၇) လိုက်ခဲ့ကြစမ်း

92 14 0
                                    


လီရွှယ်ယင်းက ဖန်းကျန့်အား မခိုးမခန့်ပြုံး၍ ကြည့်လိုက်ပြီးလျှင် "တပည့်တော်မကို ကျေးဇူးတင်ဖို့ သတိရနော်"ဟု တီးတိုးပြောလိုက်၏။ ထို့နောက် အပြင်မှ လူများကို လက်လှမ်းပြလိုက်ကာ “ကဲ လူကြီးမင်းတို့ ဘုန်းကြီးကျောင်း ဆိုတာက တိတ်ဆိတ်ငြိမ်သက်နေရမယ့် နေရာမျိုးပါ။ ကျွန်မတို့ တခြားကိစ္စ ပြောစရာရှိရင် အပြင်မှာပဲ ပြောကြ တာပေါ့...။” သို့နှင့် လီရွှယ်ယင်းသည် ထို လူများကို အပြင်သို့ ခေါ်ဆောင် သွားလေတော့၏။

ထိုအခါမှ ဖန်းကျန့်မှာ စိတ်သက်သာရာရသွားရှာ၏။ သူ့ အနေဖြင့်  ကပ်ဘေးမှ အသက်ရှင် လွတ်မြောက်လာသည်ဟုပင် ခံစားမိ၏။

သူသည် လက်သည်တရားခံမဟုတ်သော်လည်း မျောက်၏ အပြစ်ဟု ပြောပါက မည်သူက ယုံကြည်ကြမည်နည်း။ မျောက်သည် အလွန် ဉာဏ်ကောင်းပြီး လူတိုင်းနှင့် ပြောဆိုဆက်သွယ် နိုင်သည်ဟု သူ သက်သေပြရမည့်အပြင် သူခိုးဟု ဖော်ထုတ်ပြရမည်မှာ မဖြစ်နိုင်ချေ။  အချိန်ကျလာပါက သူ့အား အပြစ်တင်ရှုတ်ချခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ 

ထို့အပြင် ယင်းကဲ့သို့ အခြေအနေဆိုးလာပါက သူ့အဖို့ ရက်အနည်းငယ် အချုပ်ကျနိုင်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက သူ၏ ဂုဏ်သိက္ခာနှင့် နာမည်သည်လည်း အဖက်ဆယ်၍ရမည် မဟုတ်တော့ပေ။

ထိုကိစ္စ ပြေလည်သွားပြီဖြစ်သောအခါတွင် သူသည် ရင်ဘတ်ကို ဖိလျက် မြေပေါ် ထိုင်ချလိုက်လေတော့၏။ ထို့နောက် နံဘေးတွင် ရှိသော မျောက်၊ ရှဉ့်နှင့် သင်းကွဲဝံပုလွေ တို့အား ကြည့်လိုက်ရာ ထိုသုံးကောင်းက သူ့အား ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

ဖန်းကျန့်က တစ်ကောင်ချင်းစီကို လက်သီး တစ်လုံးစီ ကျွေးလိုက်ရာ ထိုအကောင်များမှာ နာကျင်လွန်းသဖြင့် မျက်ရည်ကျလုကျခင် ဖြစ်ကုန်ကြ၏။ 

“မင်းတို့ သုံးကောင်လုံးကို ဒီည ညစာမကျွေးဘူး။ မင်းတို့ကောင်တွေ ကိုယ်လုပ်တဲ့ အပြစ်ကို ကိုယ်ပြန် ခံစားရတာပဲ။ ပြီးတော့ ဒီကိုယ်တော်လည်း အတူတူ အငတ်ခံမယ်။ ငါတို့အတူတူ အငတ်နေကြတာပေါ့။ တကယ်လို့ နောက်ကျရင်လည်း ခုလို အမှားအယွင်းတစ်ခုခုဖြစ်လာမယ်ဆိုရင် ငါတို့ ဒီအတိုင်း တနေကုန် အငတ်ခံ ကြမယ်…။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now