အပိုင်း(၂၁၂) အိမ်မက်မဟုတ်တဲ့ အိမ်မက်

122 20 0
                                    

 

" ငါလည်းမသိဘူး...။ ထပ်ကြိုးစားကြည့်ဦးမယ်။ ဘာဖြစ်နေမှန်းကို မသိတော့ဘူး၊" ထို့နောက် သူက ဖန်းကျန့်၏ ဆဲလ်ဖုန်းကို ဖျက်ဆီးပစ်ရန်အတွက် အခြားဗိုင်းရပ်များကို စတင်ပို့လွှတ်လိုက်၏။ 

 ဖန်းကျန့်ထမင်းစားနေခိုက် သူ၏ ဆဲလ်ဖုန်းတုန်ခါလာသည်ကို ခံစားမိ၏။ ထို့နောက် messageတစ်ခုကို ထပ်မံရရှိလေ၏။ သူ့ ဆဲလ်ဖုန်းကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်သောအခါတွင် ယခင်ကအတိုင်းပင် အနီရောင်မျက်နှာပြင် ထပ်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုအခါ ဖန်းကျန့်မှာ စိတ်မရှည်နိုင်တော့ဘဲ... “ဒီနွမ်းပါးတဲ့ ကိုယ်တော် ထမင်းစားနေတယ်။ မင်းပြောချင်စရာရှိရင် နောက်မှ ပြောလို့ မရဘူးလား...။”

 

“သူပြောတာက သူထမင်းစားနေတယ်။ ငါတို့အတွက် အချိန်မရှိဘူးတဲ့...။” လူကာမှာ ထိုစာကို ဖတ်ပြီးသည်နှင့် ချက်ချင်း မျက်နှာရဲခနဲ နီတက်လာ၏။ 

စမစ်က မခံမရပ်နိုင်ဖြစ်လျက်  “ငါတို့ သူ့ကို ဒီအတိုင်း ကြာကြာ ဆက်ထားလို့ မရတော့ဘူး...။ မြန်မြန်အဆုံးသတ်လိုက်တော့။”

“ ငါ သူ့ကို နောင်တရအောင် လုပ်ပစ်မယ်...။  ငါတို့ရှေ့မှာ ဒူးထောက်ငိုယိုပြီး ငါ့ကို ဒယ်ဒီလို့ခေါ်အောင် လုပ်ပစ်မယ်...။" လူကာက ထိုသို့ ပြောပြီး သူ၏ လက်ချောင်းများမှာ လျှင်မြန်စွာ လှုပ်ရှားသွားလေ၏။ ထို့နောက် ဖန်းကျန့်အား သူ မက်ဆေ့တစ်စောင် ပို့လိုက်လေတော့၏။ 

“ မင်း အငိုနဲ့ပဲ အဆုံးသတ်စေရမယ်... ။ မင်းမှာ ရှိတာ အားလုံး ပျက်သွားလိမ့်မယ်... ။ မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ။ မင်းရဲ့ ဆဲလ်ဖုန်း ဒီအတိုင်း ကြွသွားမှာကို ထိုင်ကြည့်နေလိုက်တော့... ။“

လူကာမှာ သူအမိန့်ပေးပြီးသည်နှင့် ဖန်ကျန့်တယောက် သူ့အား ခခယယလာရောက်တောင်းပန်လိမ့်မည်ကို စောင့်နေတော့၏။ လူကာက ပိုင်နိုင်သေချာဟန်ဖြင့် ပြောလိုက်၏။ “ဒါက ငါ့ရဲ့ အကောင်းဆုံး နည်းပညာပဲ... ။ ဒင်းတော့ သွားပြီ...။”

ညစာစားနေသော ဖန်းကျန့်မှာ သူ၏ ဆဲလ်ဖုန်း အနည်းငယ်တုန်ခါသွားသည်ကို မြင်လိုက်ရပြီး ခေါင်းစဉ်တစ်ခုကို မြင်လိုက်ရသောအခါတွင် သူ မျက်မှောင်ကျုံ့လိုက်၏။ အနီရောင်မျက်နှာပြင်တစ်ခု ထပ်ပေါ်လာပြီး သူ့အား ကြေက်ဒူးတုန်မတတ်အောင် ခြိမ်းခြောက်ထားသည်။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now