အပိုင်း(၂၁၁) ညစ်တယ်

94 17 0
                                    


ဖန်းကျန့်မှာ ထိုgroupထဲမှ ကိုယ်လွတ်ရုန်းပြေးလာခဲ့ရ၏။ အနှီဒကာမများနှင့် သူရင်မဆိုင်ရဲပေ။ ပုန်းနေခြင်းက အကောင်းဆုံးပင်။

ဖန်းကျန့် ထွက်ပြေးသွားသည်ကို မြင်သောအခါ အမျိုးသမီးများမှာ ဝါးခနဲ ပွဲကျ သွားလေ၏။ အဘယ်ကြောင့် အလွန်အကျွံစနောက်ရသနည်းဟု တစ်ယောက်တစ်လှည့် ကျီစယ်ကြလေ၏။

ယွီကွမ်းစစ်မှာ ထိုအကြောင်းတွေးလေ ခေါင်းကိုက်ရလေပင်။ မိန်းမများ ပါဝင်လာပါက ရှုပ်ထွေးလာတတ်သည်က အမှန်ပင် မဟုတ်ပါလား။

….

ထိုစိတ်ရှုပ်ဖွယ်ကောင်းသော ဒကာမများအပြင် ကျောက်တာ့ထုံ၊ ဟူဟန်နှင့် အခြားသူများသည်လည်း ဖန်းကျန့်အား ရံဖန်ရံခါ နှုတ်ဆက်လေ့ရှိကြသည်။ ဖန်းယွင်ကျင့်သည်ပင် သူ့အား စာပို့လာတတ်သည်။ သူ(မ)သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက်တွင် တိတ်တဆိတ်ဖြင့်သာ တရားစာများကို ရွတ်ဖတ်နေတတ်သည်။ သူ(မ) ရိုးရိုးရှင်းရှင်းသာ စာပို့ထားသည်။

“ဆရာတော် နွေရာသီကျောင်းပိတ်ရက် အဲဒီကို ခရီးထွက်ဖို့ ပြင်ဆင်ထားပါတယ် .. ။ အချိန်ကျလာရင် လာလည်မယ်နော်.. ဆရာတော်။ ထမင်းကျွေးမှာလားဟင်။”

ဖန်းကျန့်က ပြန်ဖြေလိုက်၏။ “ဒီဘုန်းကြီးကျောင်းလေးက အရမ်းသေးပြီး ဆင်းရဲချို့တဲ့ပါတယ် ၊ အစားအစာတွေကို ထောက်ပံ့ပေးလို့ မရပါဘူး၊ ဒကာတော်တို့ဘာသာ အစားအစာတွေ ကြိုယူလာတာ ကောင်းပါလိမ့်မယ်။”

ဖန်းယွင်ကျင့်က ပြန်မဖြေပေ။ ကြည့်ရသည်မှာသူ(မ)လိုင်းပိတ်သွားပြီ ဖြစ်ရမည်။  နွေရာသီ ကျောင်းပိတ်ရက်တွင် ခရီးသွားချင်ပါသည်ဟု ဆိုလေရာ သူ(မ)၏ စိတ်ဒဏ်ရာမှ လွတ်မြောက်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။  အကောင်းဖက်သိုပြောင်းလဲလာသည့်အတွက် ဖန်းကျန့်မှာ စိတ်သက်သာရာရသွား၏။

ထိုအခိုက် ဖန်းကျန့်၏ ဆဲလ်ဖုန်းမျက်နှာပြင် အနီရောင်သို့ ပြောင်းသွားကာ မျက်စိပဒါသဖြစ်ဖွယ်အနီရောင်သတိပေးစာတန်းတစ်ခုပေါ်လာ၏။ ယင်းသည် အင်္ဂလိပ်စာသားများနှင့် ပြည့်နှက်လျက်ရှိကာ မည်သည့်စာသားများ ရေးထိုးထားမှန်း ဖန်းကျန့်မသိပေ။ အလယ်တန်းကျောင်းတွင် သူအင်္ဂလိပ်စာသင်ခဲ့ရသော်လည်း ယခုတွင်မတော့ သူတစ်လုံးတစ်ကန်းမျှ မမှတ်မိတော့ချေ။ အကယ်၍ မှတ်မိဦးမည်ဆိုလျှင်ပင် သူသိသော ဝေါဟာရများမှာ ထိုကဲ့သို့သော အင်္ဂလိပ်စာပိုဒ်မျိုးကို ဖတ်ရန် မလုံလောက်ပေ။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now