အပိုင်း(၂၀၅) ပူးပူးကပ်ကပ်

97 17 0
                                    


လီရွှယ်ယင်းက သိလိုဟန်ဖြင့် လှမ်းကြည့်လိုက်သောအခါ ရှဉ့်လေးက ၎င်း၏ စွင့်ကားသော တင်လေးကို ပန်းအိုးအဝတွင် ပြူတစ်ပြူတစ်လုပ်ကာ အထဲသို့ ခေါင်းဝင်တိုးနေသည်ကို တွေ့လိုက်ရ၏။ သူ(မ)မှာ ရွှင်ပျလာပြီး ခိုးခိုးခစ်ခစ်ရယ်မောမိလေတော့၏။ ကျောင်းဝင်းတစ်ခုလုံးရှိ အရာအားလုံးက ကိုယ်ပိုင် အသိစိတ်ရှိကြပြီး လွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို ခံစားရစေသည်ဟု သူ(မ) နားလည်လိုက်မိ၏။ အပူအပင်များ ကင်းရှင်းသွားသယောင် သူ(မ)ခံစားလိုက်ရ၏။ လွတ်လပ်ပေါ့ပါးလွန်း၍ တိမ်ပင်လယ်များထက် ဝဲပျံနေရသည့်ပမာ။

သို့သော် နောက်ထပ် တဒင်္ဂအတွင်း လီရွှယ်ယင်းမှာ အူကြောင်ကြောင်ဖြစ်လာတော့၏။

ပန်းအိုးထောင့်စွန်းမှ အဖြူရောင်ဇာဘော်လီတစ်ထည် တွဲလောင်းကျလာသည်ကို သူ(မ)တွေ့လိုက်ရ၏။ ထိုအပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် စာများရေးထိုးထားကာ နေရောင်အောက်တွင် ထင်းလင်းနေ၏။ ထိုစာသုံးလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေ၏။

'LXY ..။'

လီရွှယ်ယင်း၏ မျက်နှာမှာ သုန်မှုန်သွား၏။ ထိုတံဆိပ်နှင့်ဘရာစီယာမှာ နိုင်ငံရပ်ခြားဒီဇိုင်နာထံမှ သူ(မ)ကိုယ်တိုင် မှာယူချုပ်လုပ်ထားသော ဘရာစီယာဖြစ်သည်။ ကမ္ဘာကြီးကား အတိုင်းမသိကျယ်ပြန့်သည်ဟု ဆိုနိုင်သော်လည်း ထိုကဲ့သို့ ဘရာစီယာမျိုးကားတစ်ထည်သာရှိလေသည်။

သို့သော်လည်း ယခုမတော့ အဘယ့်ကြောင့် ထိုဘရာက ရှဉ့်သိုက်ထဲသို့ ရောက်နေရသနည်း။

သူ(မ) တွေဝေနေမိစဉ်မှာပင် ဝဝကစ်ကစ် လက်လေးတစ်ဖက် ထွက်လာပြီးနောက် ထိုဘရာကို ပန်းအိုးတွင်းသို့ ပြန်ဆွဲယူလိုက်၏။ ထို့နောက် ပန်းအိုးထဲမှ ခေါင်းပြူထွက်လာပြီး ထိုကောင်ငယ်လေးမှာ အတန်ငယ် စိတ်ရှုပ်ထွေးဟန် ပေါ်လာပြီးလျှင် သူ(မ)အား မကျေမချမ်း လှမ်းကြည့်လိုက်လေ၏။

၎င်း၏ ပုံမှန် မဟုတ်သော လုပ်ရပ်များကို သူ(မ) တွေ့ရှိသွားသောအခါတွင် မျက်လုံးဝေ့ဝဲကြည့်လျက် မသိချင်ယောင်ဆောင်လိုက်၏။ ထို့နောက် ၎င်းသည် သူ(မ)အား ဝက်သစ်ချသီးများ ပေးပြီးလျှင် သစ်ပင်ထက်သို့ ပြန်တက်သွားလေ၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now