အပိုင်း(၂၀၆) ဟူးး တော်ပါသေးရဲ့

111 19 0
                                    


ထိုစကားကို ကြားသောအခါ လီရွှယ်ယင်းသည် အောက်ဖက်သို့ အားအနည်းငယ် စိုက်လိုက်၏။ သူ(မ)အောက်​ရှိ အရာက လက်တစ်စုံဟုပင် မခံစားရချေ။ အလွန်မြဲမြံခိုင်မာလှသည်။ ထို့နောက် စိတ်ချလက်ချဖြင့် အခြားခြေထောက် တစ်ဖက်ကိုပါ ချလိုက်၏။

ဖန်ကျန့်မှာ တရားစာ များကို ရွတ်ဖတ်ရင်း သူ(မ)၏ လည်သာဘောင်းဘီအောက်မှ အချိုး အဆစ်ပြေပြစ်လှပသော ခန္တာကိုယ်လေးကို မကြည့်မိစေရန်အတွက် ခေါင်းကို အောက်သို့ ငုံ့ထား လိုက်ရ၏။ 

လီရွှယ်ယင်းသည်  ခေါင်းကို အောက်ဘက်သို့ လှည့်ကြည့်၍ သူ(မ)၏ လက်ကို သစ်ပင်ပင်စည်တွင် ဆုပ်ကိုင်ထားကာ နောက်ဆုံးတွင် ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက်လာခဲ့၏။

ဖန်းကျန့်သည် သူ(မ)ကို ထိုဖြစ်စဉ်တစ်ခုလုံးတွင် ထိသည်ဆိုရုံမျှသာ ထိခဲ့သည်။ ထို့ကြောင့် လီရွှယ်ယင်းမှာ ပို၍ လေးစားလာမိရ၏။ထိုနေရာတွင် အခြားသူများသာ ဆိုပါက သူ(မ)ကို အသားယူရန် ကြိုးစားလိမ့်မည်သာဖြစ်ပေသည်။ သို့သော်လည်း ထိုဘုန်းကြီးက အလွန် လူကြီး လူကောင်းဆန်သူတစ်ယောက်ဖြစ်သည်။

လူကြီးလူကောင်းအကြောင်း တွေးမိသော အခါ  သူမ၏ ဘရာစီယာအကြောင်း ချက်ချင်းသတိရသွား၏။ သို့နှင့် သူ(မ)က မေးလိုက်၏။

“အရှင်ဖန်းကျန့် တပည့်တော်မ ဒီသစ်ပင်ကို ဘာလို့ တက်သလဲ ဆိုတာ မသိချင်ဘူးလား….။”  

ဖန်းကျန့်က ခါးသက်စွာ ပြုံးလျက် “အော်မီထောဖော်၊ ဒကာမ ဒီသစ်ပင်ပေါ် ဘာကြောင့် တက်သလဲဆိုတာ ကိုယ်တော်သိပါတယ်…။”

 အခြေ အနေက ဤမျှအထိ ရောက်လာပြီ ဖြစ်ရာ ဆက်လက်ဖုံးကွယ်ထားရုံနှင့် မထူးတော့မှန်း သူသိ၏။ ထို့အပြင် သူလုပ်ထားသည့် ကိစ္စလည်း မဟုတ်ပေ။ ပိုင်ရှင်ဖြစ်သူက ရှာဖွေတွေ့ရှိ သွားပြီ ဖြစ်ရာ သူ့အနေဖြင့် ရိုးရိုးသားသားဝန်ခံမှသာ တော်ပေတော့မည်။

 

“အရှင်ဖန်းကျန့် အဒီအကြောင်းကို သိတယ်ပေါ့လေ…” လီရွှယ်ယင်းမှာ တွေဝေသွားလေတော့၏။ ဖန်းကျန့်က အတွင်းခံ၊ ဘရာစီယာများကို ခိုးသော သူခိုးတစ်ယောက်ဟု သူ(မ)လုံးဝမထင်ထားခဲ့ချေ။ သေးကွေးကွေး ရှဉ့်ငယ်လေး ကသာ သူ(မ)၏ အတွင်းခံများကို ခိုးယူခဲ့ခြင်းဖြစ်မည်ဟု သူ(မ)ထင်ထားခဲ့သည်။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now