အပိုင်း(၂၁၅) မွှေဖို့ ရောက်လာပြီ

84 20 0
                                    


{“ဟုတ်ပါတယ်…၊”} စနစ်က ဖြေ၏။ 

“ဘာ​လို့လဲ၊ ဒီအချက်က လုံးလုံးမှားနေတယ်လေ။ တကယ်လို့ သဒ္ဒါလွန်ကဲလွန်းရင် မိစ္ဆာတစ်ကောင်နဲ့ သိပ်မကွာတော့ဘူးလေ…၊” ဖန်းကျန့် မျက်မှောင်ကျုံ့လိုက်၏။

{“ဒါပေမယ့် အဲဒါကလည်း မုဒိတာပွားများတာပါပဲ။ လူတစ်ယောက်ရဲ့ ရင်ထဲက လာတဲ့ သဒ္ဒါစိတ်ကို ငြင်းပယ်လို့ မရနိုင်ဘူး။ ဒါပေမယ့် အဲဒီစိတ်က ကောင်းမှုအသေးအဖွဲတစ်ခုပဲရှိပါသေးတယ်။ မူလကုသိုလ်ကောင်းမှုနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး…။”}

ဖန်းကျန့် ခေါင်းညိတ်လိုက်သော်လည်း စနစ်၏ ရှင်းပြချက်ကို သူသဘောမတူပေ။ မိစ္ဆာကောင်များ၏ သဒ္ဒါတရားက အတုအယောင်သာဖြစ်ရလိမ့်မည်။ 

ထိုအချိန်တွင် ဥရောပတိုက်၌၊

“ဒေးဗစ်သေသွား ပြီလား…၊” လူကာနှင့် စမစ်မှာ အကြည့်ဖလှယ်လိုက်ကြလျက် တစ်ဦး၏ မျက်ဝန်းထဲမှ အံံ့အားသင့်မှုကို တစ်ဦး ပြန်တွေ့ လိုက်ရ၏။ “လုကာ မင်း တော်တော်ကံကောင်းတဲ့ကောင်ပဲလို့ ငါထင်မိတယ်....။”

လူကာက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ် အနည်းဆုံးတော့ ငါအသက်ရှင်သေးတယ်လေ။အဲဒီတော့ ငါ တရုတ်က ဟိုကတုံးနဲ့ မျက်နှာချင်းဆိုင်လို့ရသေးတာပေါ့…၊” စမစ်က ခပ်သဲ့သဲ့ရယ်မောလိုက်၏။ 

“ဒါဆို မင်းအသက်ရှင်နေသေးတဲ့အတွက်ကြောင့် ငါတို့ အောင်ပွဲခံတဲ့ အနေနဲ့ သောက်ရအောင်ကွာ…။”

“မင်းက ငါ့မှာ ဘာမှမကျန်တော့တာတောင် ကုန်းလာဆင်းချင်နေသေးတယ်... ၊“ လူကာက စမစ်အား မခံမရပ်နိုင်ဖြစ်လျက် မာန်မဲလိုက်လေ တော့၏။ သူ့ငွေများ ဆုံးရှုံးသွားရပြီဖြစ်၍ ယခု သူမွဲတေနေလေပြီ။ သို့နှင့် သူက ခေါင်းစဉ် ပြောင်းလိုက်၏။ “စမစ် မင်း အဲဒီsoftwareနဲ့ စီးပွားရေးထပ်လုပ်ဦးမှာလား…။”

စမစ်က ပြက်သားစွာ ခေါင်းတွင်တွင်ခါယမ်း လိုက်ပြီး “လုံးဝမလုပ်တော့ဘူး။ အဲဒါက အကောင်းဆုံးလို့ ငါထင်တယ်။ ငါ အရင်အလုပ်ဟောင်းကိုပဲ ပြန်လုပ်တော့မယ်။ ကွန်ပျူတာ နည်းပညာရှင်တစ်ယောက်အနေနဲ့ လူတွေကို ကူညီမယ်။ ပြီးတော့ သာယာတဲ့ ဘဝတစ်ခု ထူထောင်မယ်။ မင်းကရော….။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now