Pt2

10 3 1
                                    

နေ့လည်ထမင်းစားချိန်ရောက်လို့ အခန်းထဲမှာ လူတောင်မကျန်တော့ပေမယ့် ယွန်းဆောတော့ ကျန်နေသေးတယ် ဂျီယွန်းဆော လားကန်တင်းသွားမှာ အငတ်ပဲနေပြီး စာပဲလုပ်နေတာအကောင်းဆုံးပဲ

ထိုချိန်

"အာ့"

ဂျီယွန်းဆောတို့ကတော့ တစ်ကယ်ကံဆိုးချက် ဘယ်ကမှန်းမသိတဲ့ ဘောလုံးလာမှန်ပြန်ပြီ ဘောလုံးကို ပြန်ကောက်ဖို့အလုပ် တစ်စုံတစ်ယောက်က ခေါင်းကိုလာကိုင်တယ်

"တောင်းပန်ပါတယ် မင်းအဆင်ပြေရဲ့လား ငါက မင်းဆီကို ပစ်လိုက်တာမဟုတ်ဘူး အနောက်ဘက်ကိုပစ်တာ မင်းကိုထိသွားတာ နာသွားလား"

ယွန်းဆော စကားတွေတရေစပ်ပြောပြီး သူ့ကိုစိုးရိမ်တကြီးမေးနေတဲ့ လူကို မော့ကြည့်လိုက်တယ် သေစမ်း မွန်းဂျောင်ဟျွန်း သူ ယွန်းဆောနဲ့ လာပက်သတ်တာများနေပြီ

ပြီးတော့ အခုသူတို့အနေအထားက ယွန်းဆောက ခုံမှာထိုင်ပြီး မွန်းဂျောင်ကိုမော့ကြည့်နေတာ မွန်းဂျောင်က ခါးကုန်းပြီး ယွန်းဆောကို ငုံ့ပြီး ခေါင်းကိုလဲကိုင်ထားသေးတယ် မျက်နှာနှစ်ခုက နီးကပ်နေတာ အသက်ရှူသံတွေတောင်ကြားနေရတယ်

"ချီး"

ယွန်းဆော အလန့်တကြား ဂျောင်ဟျွန်းကို တွန်းထုတ်လိုက်တယ် ရုတ်တရက်ဆန်တာမလို့ ဂျောင်ဟျွန်းလဲ လဲကျပြီး ‌ခုံတစ်ခုနဲ့တိုက်မိသွားတယ်

ယွန်းဆော ကပျာကယာနဲ့ မွန်းဂျောင်ဆီပြေးသွားပြီး

"ငါ ငါတောင်းပန်ပါတယ် တမင်လုပ်တာမဟုတ်ရပါဘူး ဟို ငါလန့်သွားလို့ ပြီးတော့"

ယွန်းဆော ကပျာကယာ ရှင်းပြတော့ မွန်းဂျောင်ကရယ်တယ် ယွန်းဆောလဲ စိတ်ထဲမှာ ကိုးလို့ကန့်လန့်ဖြစ်သွားတာပေါ့

"ဘာ ဘာ လို့ရယ်တာလဲ"

"မင်းကစကားပြောတတ်တာပဲ ဂျီယွန်းဆော"

"ဟင်"

"မဟုတ်ပါဘူး ငါက မင်းစကားအများကြီးပြောတာ မမြင်ဖူးလို့"

"အာ"

"ဒါနဲ့ မင်းအဆင်ပြေတယ်မလား"

"ပြေပါတယ်"

My Hidden Crush Donde viven las historias. Descúbrelo ahora