Ep 18

5 0 0
                                    

ယွန်းဆော စာအုပ်ရဲ့ ပထမစာမျက်နှာကိုဖွင့်လိုက်တယ်

ပထမစာမျက်နှာ

~အထက်တန်းရဲ့ ပထမဆုံးကျောင်းတက်ရက်ပဲ ကံဆိုးချက်ကတော့ အင်္ကျီအဖြူပေါ် ကော်ဖီတွေမှောက်ကုန်တယ်လေ တော်သေးတာပေါ့ လူတစ်ယောက်ကူညီပေးလို့ နောက်မှသိလိုက်ရတာက သူကငါနဲ့ တစ်ခန်းတည်းပဲ~

ဒုတိယစာမျက်နှာ

~အဲ့တစ်ယောက်ကြည့်ရတာ တော်တော်အနေအေးတဲ့ပုံပဲ ဘယ်သူနဲ့မှလဲစကားမပြောဘူး ငါက ကျေးဇူးတင်လို့ ကော်ဖီဝယ်တိုက်တာကိုတောင် လက်မခံဘူး~

တတိယစာမျက်နှာ

~ကျောင်းတက်တာ တစ်လလောက်ရှိပြီ သူငယ်ချင်းတွေအများကြီးရနေပေမယ့် ဟိုတစ်ယောက်ကတော့ အခုထိအဖက်မလုပ်ဘူး~

စတုတ္ထစာမျက်နှာ

~ ချီးပဲ ဒီအတိုင်းတာ‌ဆို ငါက သူ့ကိုကြိုက်နေတာပဲ ယောင်္ကျားလေးကိုလေ ငါက အားး~

ယွန်းဆောဆက်လှန်ဖို့ရာ တုံ့ဆိုင်းသွားသည် ‌‌ဂျောင်ဟျွန်းက ယောင်္ကျားလေးကိုကြိုက်တာလား

ပဉ္စမ စာမျက်နှာ

~သဘောကျလိုက်တာ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ခိုအာလာပေါက်လေးလိုပဲ ငါ့ကို နည်းနည်းလောက်တော့ အဖတ်လုပ်ပေးရင် သိပ်ကောင်းမှာပဲ~

နောက်စာမျက်နှာကို လှန်လိုက်တာနဲ့ အမျှ ယွန်းဆော အံ့ဩမိသွားသည်

~ဂျီယွန်းဆော ငါ့ကိုကျ အဖတ်မလုပ်ပဲ အဲ့ မိန်းကလေးကဘယ်သူလဲ အားး ဟိုက်ပါလေးကို ကြိုက်ရတာလဲ ဒုက္ခတစ်မျိုးပဲ~

"ချီး ငါ့နာမည်ကြီးဟ"

ယွန်းဆော စာအုပ်ကိုပါ လွှတ်ချမိသည်ဂျောင်ဟျွန်းကြိုက်နေတဲ့ကောင်လေးက ကိုယ်တိုင် တဲ့လား

ယွန်းဆော သေချာပြန်စဉ်းစားကြည့်မှ အထက်တန်းကျောင်းစတက်တဲ့နေ့က ‌အင်္ကျီမှာ ကော်ဖီတွေစွန်းနေတဲ့ ကောင်လေးတစ်ယောက်ကို သူ့အင်္ကျီငှားခဲ့ပေးတာပဲ သေစမ်း ဒါဆို ဒါကြီးက

"ချီး ဘာတွေဖြစ်ကုန်တာလဲ ဂျီယွန်းဆော စိတ်အေးအေးထားစမ်း မင်းမဟုတ်တာလဲ ဖြစ်နိုင်တာပဲ နာမည်တူတာလေ"

My Hidden Crush Where stories live. Discover now