Ep6

9 0 0
                                    

ဂျောင်ဟျွန်း ယွန်းဆောနဲ့ အတူ စနေနေ့ လျှောက်လည်ရမှာမလို့ ဗုဒ္ဓဟူးနေ့ ကျောင်းလာကတည်းက ပြုံးပျော်ရွှင်လို့ ဂျီယွန်းဆောကတော့ အရင်အတိုင်းပဲ မျက်နှာသေနဲ့သာ

ဒီတစ်ခါပိုဆိုးတယ် ဂျောင်ဟျွန်းအနေနဲ့ သူက ယွန်းဆောနဲ့ SNS မှာစာပို့နေကြတဲ့လူအချင်းချင်းမလို့ အရင်ကထက်ရင်းနှီးလာပြီထင်တာ မဟုတ်ခဲ့ဘူး ပိုတောင်စိမ်းသွားကြသလိုပဲ

"မင်းပြော‌ကြည့် ယွန်းဆောက ဘာလို့အမြဲတမ်းတစ်ယောက်တည်းနေတာလို့ထင်လဲ"

ဂျောင်ဟျွန်း မ‌ေနနိုင်တဲ့အဆုံး
ဘေးက သူငယ်ချင်းကိုမေးကြည့်တယ်

"မသိဘူးလေ သူက အလယ်တန်းကတည်းက အဲ့လိုပဲ"

"စိတ်ဒဏ်ရာတစ်ခုခုများရှိလို့လား"

"သူကိုက I အကြီးစားမလို့ပါ"

မွန်းဂျောင်ဘာမှဆက်မပြောဖြစ်တော့ဘူး ရှေ့ဆုံးခုံဖြစ်တဲ့ သူ့အတန်းကနေ ‌ယွန်းဆောခုံ နောက်ဆုံး ခုံကိုသာလှမ်းကြည့်နေလိုက်တယ်

ကြာသပတေး သောကြာ နှစ်ရက်အပြီး စနေနေ့ရောက်လာတော့မှာမလို့ ယွန်းဆောကတော့ ဘယ်လိုနေလဲ မသိပေမယ့် မွန်းဂျောင်ဟျွန်းကတော့ ပျော်နေတဲ့စိတ်ကို မထိန်းနိုင်လို့ ကျောင်းဆင်းတာနဲ့ အိမ်ကို တင်ပါးနဲ့ ဖနောင့် တစ်ပြေးတည်းညီအောင်ပြေးလေတယ် ယွန်းဆောကတော့ ထိုပုံစံကို ကြည့်ပြီး ရယ်နေခဲ့တာ မွန်းဂျောင်ဟျွန်းသာသိရင်

*Noti သံ*

"မနက်ဖြန်စနေနေ့နော် ယွန်းဆော"

သင်တန်းမှာရှိနေတုန်းပို့လာတဲ့ စာကိုဝင်မဖတ်တော့ပဲ noti bar ကနေသာ ကြည့်လိုက်တာ ဖုန်းပိတ်လိုက်တယ်

"ဘယ်သူလဲ ကောင်မလေးလား"

အနောက်ကနေပြီး လေအလျင်လို ရောက်လာတဲ့ ဟျောင်းဝန်းကို ယွန်းဆော မျက်စောင်းနဲ့သာကြည့်လိုက်ပြီး

"မင်းနဲ့ဘာဆိုင်လဲ"

"တစ်ကယ်ကောင်မလေးရနေတာလား"

"ပါးစပ်ပိတ်"

ယွန်းဆောသတိပေးသံအဆုံး ဟျောင်းဝန်းလဲ ဘာမှမပြောတော့ပဲ တိတ်တိတ်လေးသာနေလေရဲ့

My Hidden Crush Where stories live. Discover now