Ep17

7 0 0
                                    

ထမင်းစားဖို့ခေါ်တာကို အတော်ကြာမှ ရောက်လာတဲ့ ဂျောင်ဟျွန်းကို အမေဖြစ်သူက ဆူပါလေရော

"ဘာလို့အခုမှဆင်းလာတာလဲ ဒီမှာ ယွန်းဆောက ကူလုပ်ပေးနေရတယ်"

"လာပါပြီ လာပါပြီ"

"အမလေး အခုမှတော့ လာထိုင်တော့ အကုန်ပြင်ပြီးနေပြီ"

ဂျောင်ဟျွန်းနေရာမှာဝင်ထိုင်လိုက်ပြီး ဂျောင်ဟျွန်းဘေးကို ယွန်းဆောကဝင်ထိုင်တယ်

"ယွန်းဆော သားလေး များများစားနော် ရော့ ဒါက မက်ကရယ်ငါးလေး ဉာဏ်ကောင်းတယ် များများစား"

"‌ဟုတ်ကျေးဇူးပါအန်တီ"

ဂျောင်ဟျွန်း သူ့ရှေ့မှာ အဖြစ်သည်းနေတဲ့ နှစ်ယောက်ကို နှာ‌ခါင်းရှုံကာ

"သူများ‌ေတွမြင်ရင် ဂျီယွန်းဆောက သားအရင်း ကျတော်က မွေးစားသားလို့ထင်နေကြပါဦးမယ်"

"မွန်းဂျောင်ရယ် ယွန်းဆောလို သားမျိုးလေးသာ ရမယ်ဆိုရင် ၁၀ ယောက်လောက်တောင် မွေးလိုက်ဦးမယ် သမီးမရှိလို့ သမီးရှိရင် ယွန်းဆောလို သမက်မျိုးလေးရှာခိုင်းဦးမှာ"

ပြောလဲ ပြော ယွန်းဆောပန်းကန်ထဲလည်း ဟင်းတွေထည့်ပေးနေတဲ့ ဂျောင်ဟျွန်းအမေကို ‌ယွန်းဆော ရယ်ပြလိုက်တယ်

"အဲ့တာဆို မားက ယွန်းဆောလိုသမက်မျိုးလိုချင်တာပေါ့"

"ဒါပေါ့ ဒါပေမယ့် သမီးကရှိမနေဘူးလေ"

"သားရှိတယ်လေ"

*အဟွတ် အဟွတ်*

ဂျောင်ဟျွန်းစကားအဆုံး ယွန်းဆော ထမင်းတွေနင်ကုန်လို့ ရေတွေပြေးတိုက်ရသေးတယ်

"အဆင်ပြေရဲ့လား သား"

"ဟုတ် ဟုတ်ပြေပါတယ်"

"ရရဲ့လား ယွန်းဆော"

ဂျောင်ဟျွန်းအမေးကို ယွန်းဆော ခေါင်းသာညိမ့်ပြလိုက်တယ်

"ဘယ်လိုဖြစ်လို့ ထမင်းတောင်နင်ရတာလဲ ဂျီယွန်းဆောရယ်"

ယွန်းဆော ဂျောင်ဟျွန်းကို မျက်စောင်းထိုးကာ

*မင်းသာ ဂျယ်လီပေတံလို မနေရင် ငါသီးစရာလိုလား*

အမှန်တော့ စိတ်ထဲကပဲရေရွတ်လိုက်မိတာပါ အပြင်ကိုတော့ ထုတ်မပြောဖြစ်လိုက်ဘူး

My Hidden Crush Where stories live. Discover now