Ep5

10 1 0
                                    

စကားစချိန်တောင်မရလိုက်ဘဲ ပြေးထွက်သွားတဲ့ ယွန်းဆောကြောင့် ဂျောင်ဟျွန်းကတော့ ကျေးဇူးတင်ကြောင်း ပြောဖို့ အခွင့်သာမနေတော့ဘူး

ကျောင်းတက်တော့လဲ ဂျောင်ဟျွန်း ယွန်းဆောဆီသွားဖို့လုပ်တိုင်း ပုံမှန်ဆို သန့်စင်ခန်း တစ်ခါမှမသွားဖူးတဲ့ ယွန်းဆောက သန့်စင်ခန်းတွေချည်း သွားနေတာမလို့ ဂျောင်ဟျွန်း ဒီနေ့ ယွန်းဆောနဲ့စကားပြောရဖို့ဆိုတာမဖြစ်နိုင်မှန်းသိလိုက်ပြီ

"ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ ခနနေရင် ကျောင်းလဲဆင်းတော့မှာမလို့ မင်းတို့ ပစ္စည်းတွေအသင့်ပြင်ထားလိုက်တော့"

"Nae"

ဆရာမထွက်သွားတာနဲ့ တစ်ခန်းလုံးပစ္စ်ည်းတွေ သိမ်းဆည်းပြီး စကားများနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဂျောင်ဟျွန်း ယွန်းဆောဆီသွားလိုက်တယ် ဒီတစ်ခါတော့ ဂျီယွန်းဆော သန့်စင်ခန်းမသွားလို့တော်သေးတာပေါ့

"ယွန်းဆော"

"ဟမ် ဟင် ပြောလေ"

"ငါ့ကိုရှောင်နေတာလား"

"မဟုတ်ပါဘူး ငါကဒီအတိုင်း"

"ကျေးဇူးနော်"

"ဟင်"

"ရင်ထိုးကို သိမ်းထားပေးလို့လေ"

"ရ ရပါတယ် မလိုပါဘူး"

"ကျောင်းဆင်းရင် ငါမင်းကို တော့ပို့ကိဝယ်ကျွေးမယ်လေ"

"ဟမ် ရ ရပါတယ် ငါသင်တန်းရှိတယ်"

"အော် အဲ့တာဆိုလဲ နောက်မှပေါ့ နောက်တစ်ခါ ထပ်ပြီးကျေးဇူးတင်ပါတယ်နော်"

ဂျောင်ဟျွန်းက Aegyo လုပ်ပြီး ပြောလာတာမလို့ ယွန်းဆောခဗျာ ကြောင်အအလေးဖြစ်သွားပြီး စကားပြန်ဖို့ပါ မေ့ကုန်တယ်

"ငါကစတာပါ လန့်သွားလား"

ယွန်းဆောဘာမှမပြောဘဲ ခေါင်းကိုသာ ခပ်ကြမ်းကြမ်းခါပြလိုက်တယ်

ကျောင်းဆင်းပြီး သင်တန်းသွားတဲ့လမ်းမှာ ယွန်းဆော ဂျောင်ဟျွန်းတို့သူငယ်ချင်းအုပ်စုကို တော့ပို့ကီဆိုင်မှာတွေ့ခဲ့ပါသေးတယ်

My Hidden Crush Where stories live. Discover now