Ep23

11 2 0
                                    

ကျောင်းရောက်တာနဲ့ ယွန်းဆော စားပွဲပေါ်မှာ ချောကလက်နို့ဘူးလေးနဲ့ ထမင်ဘူးလေး အမြဲရှိနေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ဒါတင်မကဘူး မနက်မိုးလင်းလာရင်လည်း "မောနင်းနော် ငါ့ရဲ့ ခိုအာလာလေး" မိုးချုပ်ရင်လဲ "goodnight ပါ ခိုအာလာလေးရေ" ဆိုတဲ့စာလေး‌တွေလဲအမြဲလက်ခံရနေတာ နေ့တိုင်းလိုလိုပဲ မွန်းဂျောင်ဟျွန်းရဲ့ ရည်းစားလိုက်တဲ့ နည်းလမ်းကတော့ လူအတိုင်းပဲ တစ်ကယ်ကိုချစ်စရာလေးပါ

ဟျောင်းဝန်း - "ဒီနေ့လဲ ရှိနေတာလား"

ဆွန်းအွန်း-"နေ့တိုင်းပဲနော် ယွန်းဆောကို အားကျလိုက်တာ"

ဟျောင်းဝန်း -"ထမင်းဘူးကတော့ထားပါ နို့ဘူးလေးမင်း‌မသောက်ချင်ဘူးဆို"

ယွန်းဆော-"ပါးစပ်ပိတ်ထား"

ဟျောင်းဝန်းတစ်ယောက် ပါးစပ်ပိတ်လိုက်ပြီဆိုတဲ့ပုံစံလေးကို လက်နဲ့သရုပ်ဖော်ပြလိုက်တယ်

ယွန်းဆောအမှန်‌ေတာ့ ထမင်းဘူးကို လက်မခံချင်ပါ ဒါပေမယ့် ဂျောင်ဟျွန်းက သူ့အမေက စေတနာနဲ့လုပ်ပေးတာဆိုပြီး ပြောလို့ ယူထားရတဲ့အဖြစ််

ယွန်းဆောထမင်းဘူးနဲ့ နို့ဘူးကို စာရေးခုံရဲ့ အောက်က အံထဲထည့်ထားလိုက်ကာ ဖုန်းကိုဖွင့်လိုက်တော့ စာတစ်စောင်ကရောက်နေပြီ

"ယွန်းဆော ဒီနေ့ရဲ့ မီနူးက ဝက်နံရိုးကင်နော် အရသာရှိရှိစား ငါ့ရဲ့ခိုအာလာလေး"

ယွန်းဆော ဂျောင်ဟျွန်းကို တရားဝင်လိုက်ခွင့်ပေးပြီးလိုက်ကတည်းက ဂျောင်ဟျွန်းတစ်ယောက် ရဲတင်းလာတယ် စာပို့တိုင်း ငါ့ရဲ့ခိုအာလာလေး ဆိုတာကမပါမဖြစ်

ယွန်းဆော "ကျေးဇူးနော်" လို့သာပြန်ပို့လိုက်တယ် ယွန်းဆောစာကို ချက်ချင်းဖတ်လိုက်တဲ့ပုံပေါ်တဲ့ဂျောင်ဟျွန်းက ရှေ့ခုံကနေ ယွန်းဆောအတန်းကို လှည့်ကြည့်ပြီးပြုံးပြတယ်

"ငါအတန်းပြောင်းချင်တယ် ဒီမှာမထိုင်ချင်တော့ဘူး"

ဘေးနားကနေပြီး စိတ်ညစ်တဲ့ အသံနဲ့ပြောနေတဲ့ ဆွန်းအွန်းကို ယွန်းဆော သကြားလုံးတစ်လုံးပေးပြီးသာ ပါးစပ်ပိတ်ခိုင်းလိုက်တော့တယ်

My Hidden Crush Where stories live. Discover now