Ep16

7 1 0
                                    

ဒီနေ့ကတော့ ဂျောင်ဟျွန်း ဝီရိယ ရှိရှိစောစောထပြီး အခန်းသန့်ရှင်းရေးလုပ်ရတဲ့ နေ့ပါပဲ ဘာလို့ဆို စနေနေ့လေ စနေနေ့ဆိုတော့ ယွန်းဆောလာမှာလေ  6 နာရီလောက်ကတည်းက အခန်းသန့်ရှင်းရေးလုပ် 8 နာရီကျ ယွန်းဆောကို သွားခေါ်ရမှာ

"ဂျောင်ဟျွန်း အသံပေါင်းစုံနဲ့ ပေါ်ထပ်မှာဘာတွေလုပ်နေတာလဲ"

"အခန်းသန့်ရှင်းရေးလုပ်နေတာ မား"

‌အမေဖြစ်သူ အခန်းထဲသို့ဝင်လာကာ

"ဘာလို့သန့်ရှင်းရေးကို အစောကြီးထလုပ်နေတာလဲ နေ့လည်မှ အေးဆေးလုပ်လေ"

"မရဘူး မားရဲ့ ဒီနေ့သားသူငယ်ချင်းလာမှာ"

"သူငယ်ချင်းလာမှာလား"

"ဟုတ်တယ် 8 နာရီဆိုသားသွားခေါ်ရဦးမှာ စာအတူလုပ်မလို့လေ"

ဂျောင်ဟျွန်းအမေသည် ဂျောင်ဟျွန်းခေါင်းကို အသံမြည်အောင် ခေါက်ပစ်လိုက်သည်

"အာ့ ဘာလို့ရိုက်တာလဲ နာတယ်"

"သူငယ်ချင်းလာမှာ ဘာလို့မားကိုကြိုမပြောတာလဲ ဘာဟင်းမှတောင်မချက်ရသေးဘူး"

"ဟီး သားမေ့နေတာလေ ပုံမှန်အတိုင်းချက်လဲရပါတယ် မားရဲ့"

"ဆက်လုပ် ဆက်လုပ် မားဈေးသွားလိုက်ဦးမယ် ဒီကောင်လေးကတော့ ဘယ်တော့မှ ကြိုမပြောဘူး"

အခန်းထဲက ထွက်သွားတဲ့ ‌မားရဲ့ နောက်ကျောကိုကြည့်ပြီး ဂျောင်ဟျွန်း ပြုံးနေမိတယ် အဲ့ချိန်မှာပဲ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ယွန်းဆော

"ဟယ်လိုယွန်းဆော"

"ငါ 8 နာရီဘယ်မှာစောင့်ရမလဲ"

"မင်းအိမ်ရှေ့မှာပဲ စောင့်မလား ငါလာခေါ်မယ်လေ"

"ဟင့်အင်း လမ်းထိပ်မှာစောင့်နေမယ်"

"အာ အိုကေအိုကေ"

"ဒါပဲနော်"

"ဒါပဲ"

ဖုန်းချလိုက်ပြီးနောက် ယွန်းဆောကို သွားကြိုဖို့ ဂျောင်ဟျွန်း ပြင်ဆင်ရပြီလေ

...
Knock knock

"ဘယ်သူလဲ"

"အမေပါ ဆောလေးရဲ့"

My Hidden Crush Where stories live. Discover now