Ep19

6 0 0
                                    

နှိုးစက်အသံကြောင့်နိုးလာပေမယ့် ဂျောင်ဟျွန်းတစ်ယောက်အခုထိအိပ်ရေးမဝသေး မနေ့ညက ယွန်းဆောဆီစာပို့ပေမယ့် စာလဲမပြန်သလို ဝင်တောင်မဖတ်ဘူးလေ  အခုလဲ အချိန်ကစောနေသေးတာမလို့ ယွန်းဆောကို ဖုန်းမဆက်သေးပဲ ဒိုင်ယာရီထဲ ရေးချင်တာရှိလို့ စာရေးခုံဆီသွားလိုက်ပေမယ့်

"အယ် ငါ့စာအုပ်ရော မနေ့က ဒီပေါ်မှာတင်ထားတာပါ"

ဂျောင်ဟျွန်း စားပွဲတစ်ခုလုံးရော စာအုပ်စင်တစ်ခုလုံးကိုပါ လှောလှန်ရှာနေသော်လည်း စာအုပ်ကိုမတွေ့

"မားး မားရေ"

"ဘာတုန်း ဘာလို့အဲ့လောက်အော်နေတာတုန်း"

"မား သားရဲ့ ဒိုင်ယာရီစာအုပ်တွေ့မိသေးလား အဖြူလေးလေ"

"သားအခန်းထဲ မားမဝင်ဘူးလေ ရှာကြည့်ပါဦး အဲ့စာအုပ်က"

ဂျောင်ဟျွန်းအမေက ဂျောင်ဟျွန်းကို ဟုတ်တယ်မလား ဆိုတဲ့အကြည့်နဲ့ကြည့်တယ်

"ဟုတ်တယ် ယွန်းဆော အကြောင်းရေးထားတဲ့စာအုပ် ယွန်းဆောဆီများပါသွားတာလား အဲ့လိုဆိုသွားပြီ"

"မပါလောက်ပါဘူး ရှာကြည့်ဦး ဒီနေ့ ယွန်းဆော လာဦးမှာမလား မားဟင်းချက်လိုက်ဦးမယ် စိတ်အေးအေးထားပြီးဆက်ရှာ"

"ဟုတ်"

ထိုစာအုပ်ပျောက်လို့်မရပါ အဲ့ဒီ့စာအုပ်ထဲမှာ အထက်တန်းပထမနှစ်ကတည်းက သူနဲ့ ယွန်းဆောရဲ့ အမှတ်တရတွေအများကြီးရှိတာ

"ယွန်းဆောဆီများပါသွားတာလား အဲ့တာကြောင့်စာမပြန်တာများလား သွားပြီ ယွန်းဆောသိသွားပြီနဲ့တူတယ်"

ထိုချိန်

Knock knock

"ဝင်လာလိုက်လေ မားရဲ့ တံခါးဖွင့်ထားတယ်"

"......"

"မား... အယ် ယွန်းဆော"

"ငါ့ဖုန်းက မိုချာကိုက်လိုက်လို့လေ အဲ့တာကြောင့် စောလာလိုက်တာ ဘာတွေရှာနေတာလဲ ရှုပ်ပွနေတာပဲ"

"ဟို ငါ့ ဒိုင်ယာရီစာအုပ်"

"ဟိုအဖြူလေးလား"

"ဟုတ်တယ်"

"အဲ့တာ တီဗီစင်ပေါ်မှာလေ မနေ့က ငါ့လွယ်အိတ်ထဲပါလာတာ တော်သေး‌တာပေါ့ အိမ်ကနေမထွက်ခင် တွေ့လိုက်လို့ အဲ့တာနဲ့ အနားကစင်ပေါ်တင်ပေးခဲ့တာ မင်းကိုငါပြောခဲ့တယ်ထင်တာ မပြောခဲ့ဘူးလား"

My Hidden Crush Where stories live. Discover now