Ep15

7 1 0
                                    

"ယွန်းဆော ဒီနေ့ရော သင်တန်းသွားမှာလား"

"သွားမှာ"

"‌သွားမယ်ဆိုလဲ စောင့်ဦးလေ"

ဟျောင်းဝန်းနဲ့ ဆွန်းအွန်းကို မစောင့်ပဲ ထွက်သွားတဲ့ ယွန်းဆောကြောင့် နှစ်ယောက်သား အနောက်ကနေပြေးလိုက်ရပြန်ပြီ

ယွန်းဆော ‌လမ်းကတော့ပို့ကီဆိုင်မှာ လူတွေပြည့်နေလို့ လှမ်းကြည့်‌လိုက်တော့ ဂျောင်ဟျွန်းတို့ အုပ်စုပင် ဂျောင်ဟျွန်းကသူ့ကိုမြင်တော့ ကပျာကယာနဲ့ လက်ပြပြီး နှုတ်ဆက်တယ် ယွန်းဆောကတော့ ဘာမှမတုံ့ပြန်ဖြစ် မျက်နှာသေနဲ့သာ ထွက်လာခဲ့တယ်

"ဂျီယွန်းဆော မင်းခြေထောက်ကမြန်လိုက်တာ နည်းနည်းလောက် ငါတို့ကိုစောင့်ပါဦး"

"ငါ့ခြေထောက်ကမြန်တာမဟုတ်ပဲ မင်းခြေထောက်က နူလို့ နှေးနေတာလေ ဟျောင်းဝန်းရဲ့"

ယွန်းဆောစကားကိုကြားတော့ ဆွန်းအွန်းက အသံထွက်အောင်ရယ်တယ်

"ရယ်စရာပါလား"

"ယွန်းဆောပြောတာကရယ်ရတယ်လေ"

"ရယ်နော် ရယ်နေလိုက် မင်းကို မုန့်မဝယ်ကျွေးဘူး"

တစ်ဖက်က ဂျောင်ဟျွန်းမှာလဲ ယွန်းဆော မသိအောင် ခိုးလာပါတယ်ဆို ယွန်းဆောနဲ့မှ တဲ့တိုး ရတယ်လို့

"မွန်းဂျောင် ဘာလုပ်နေတာလဲ ထိုင်လေ"

"ငါ့စိတ်ထင် ငါပြန်မှဖြစ်မယ်နဲ့တူတယ်"

"ဂျောင်ဟျွန်းရယ် ရောက်ပဲရောက်လာပြီကို စားသွားလိုက်တော့"

ဂျောင်ဟျွန်း ယွန်းဆောဆီကအဆူခံရမှာလဲကြောက်ပေမယ့် တော့ပို့ကီကတော့ ငြင်းဆန်လို့မရဘူးလေ

"ခနပဲကို လာစမ်းပါ ဂျောင်ဟျွန်းရယ်"

"မင်းတို့ဝယ်ကျွေးနော်"

"အေး မင်းပိုက်ဆံတစ်ပြားမှမထုတ်နဲ့ လာထိုင်"

"အိုကေပါ"

..
"အိုက်ဂူး ဒီနေ့ယွန်းဆောလာတာပဲ မနေ့ကဘာလို့ပျက်တာလဲသား"

"ကိစ္စရှိလို့ပါ"

"ဆရာမ မှာစိတ်တွေပူလိုက်ရတာ"

My Hidden Crush Donde viven las historias. Descúbrelo ahora