အခန်းထဲဝင်တော့ ဂျောင်ဟျွန်းက ယွန်းဆောကို လက်ပြပြီး လှမ်းနှုတ်ဆက်တယ် ယွန်းဆောကတော့ မသိချင်ယောင်ဆောင်လျက်သာ
"ဘာလဲ ယွန်းဆောနဲ့ အဆင့်တက်သွားတာလား"
"နည်းနည်းပေါ့ ယွန်းဆောက ငါသူ့ကို တရားဝင် လိုက် မလို့ကို ခွင့်ပြုထားတယ်"
"ဝိုး မွန်းဂျောင်ဟျွန်း တယ် ဟုတ်ပါလား"
ဂျောင်ဟျွန်း အပြင်မှာတော့ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် ရင်ထဲမှာတော့ လိပ်ပြာတွေ အကောင်တစ်သိန်းလောက်ပျံနေတာ
"ဆွန်းအွန်း"
"ဟင်"
"ငါပြောမိသွားပြီ"
"ဘာကိုလဲ"
"မွန်းဂျောင်ဟျွန်းကို ငါသိသွားပြီဆိုတဲ့အကြောင်း"
"ဘယ်လို ဘယ်လို ချက်ချင်းကြီး မြန်လိုက်တာ ဂျီယွန်းဆောရယ်"
"ပါးစပ်က လွှတ်ခနဲထွက်သွားတာ"
"အဲ့တာသူကဘာပြောလဲ"
"ငါ့ကို တရားဝင်ပိုးပန်းမယ်တဲ့"
"အဲ့တော့မင်းက"
"ခွင့်ပြုလိုက်တယ်"
"ဘာ!!!"
ဆွန်းအွန်းအသံက ကျယ်သွားသည်ထင် ဟျောင်းဝန်းအပါအဝင် လူအနည်းစုက သူ့ကိုလှည့်ကြည့်လာကြတယ် ဆွန်းအွန်း ပြုံးပြလိုက်ပြီး
"ဆောရီးနော်"
ထို့နောက်ယွန်းဆောကို မျက်စောင်းထိုးလိုက်ကာ
"သင်တန်းရောက်မှ ဆက်ပြောကြတာပေါ့"
ထိုချိန် ဆရာဝင်လာတော့မှာ တစ်ခန်းလုံးဆူညံသံတွေ တိတ်ဆိတ်သွားတော့တယ်
"ကဲ မင်းတို့တွေ စာမေးပွဲကနီးလာပြီနော် စာတွေရောရပြီလား စာမေးပွဲကာလမှာ ဟိုကိစ္စ ဒီကိစ္စတွေ ခေါင်းထဲမထည့်ပဲ စာပဲလုပ်ကြနော်"
တစ်ခန်းလုံးက "ဟုတ်" လို့ပြန်ဖြေပေမယ့် ဂျောင်ဟျွန်းကတော့ မဖြေ သူ့ခေါင်းထဲမှာစာအပြင် ယွန်းဆော ရှိနေသေးတယ်လေ
ညနေကျောင်းဆင်းတော့ ဂျောင်ဟျွန်းက အရင်ပြေးထွက်သွားတယ် ယွန်းဆောတို့သုံးယောက် ဂိတ်နားရောက်တော့မှ ဂျောင်ဟျွန်းက
YOU ARE READING
My Hidden Crush
Romanceငါ့ကိုကြိုက်တာလား မင်း Yunseo ဟင့်အင်း ငါမင်းကို မကြိုက်တော့ဘူး ငါမင်းကိုချစ်တာ Junghyun