Ep14

9 0 0
                                    

နေ့လည်ကျောင်းဆင်းတာနဲ့ ဂျောင်ဟျွန်း ထမင်းဘူးကိုင်ပြီး အခန်းထဲကပြေးထွက်သွားတာများ အနောက်က သူငယ်ချင်းတွေ ခေါ်သံကိုတောင်မကြားရတော့တဲ့အထိ

"ယွန်းဆော"

"အွန်း"

"ဘယ်သွားမလို့လဲ"

ဆွန်းအွန်းက သူတို့နဲ့အတူနေ့လည်စာစားဖို့ခေါ်ချင်နေသည်နဲ့တူသည်

"စာကြည့်တိုက် ငါလုပ်စရာရှိလို့"

"ငါတို့နဲ့ ကန်တင်းလိုက်ခဲ့ပါလား နေ့လည်စာမစားချင်လဲ မုန့်တစ်ခုခုစားပေါ့"

"ရတယ် မင်းတို့ပဲသွား"

ယွန်းဆောအခန်းအပြင်ဘက်ထွက်သွားတော့ ဟျောင်းဝန်း မသင်္ကာမျက်လုံးတွေနဲ့လိုက်ကြည့်ကာ

"သူကဘာလို့ အဲ့ဘက်သွားတာလဲ"

"ဘာကိုလဲ"

"အဲ့ဘက်ကစာကြည့်တိုက်ရှိတဲ့ဘက်မှ မဟုတ်တာ"

"ဟျောင်းဝန်းရယ် ယွန်းဆောလဲ လူကြီးပါ သူဘာလုပ်လုပ် သူ့ကိစ္စလေ လာ နေ့လည်စာသွားစားမယ်"

ယွန်းဆော ခေါင်မိုးထပ်ကိုရောက်လာတော့ ဂျောင်ဟျွန်းကြိုရောက်နေတာ ထမင်းဘူးကိုပါ ဖွင့်ပြီး ပြင်ထားပြီးပြီ

ယွန်းဆော ဂျောင်ဟျွန်းဘေးကိုဝင်ထိုင်လိုက်ပြီး

"ရော့ ဒါဘာသာစုံအတွက် အရေးကြီးတဲ့မှတ်စုတွေ ငါမနေ့က တစ်ညလုံးရှာထားတာ မင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်"

ဂျောင်ဟျွန်း ယွန်းဆောလက်ထဲက စာရွက်တွေကိုယူကာဘေးကိုချထားလိုက်ပြီး ယွန်းဆောလက်ထဲကိုစာရွက်အစား ဇွန်းထည့်ပေးလိုက်တယ်

"ဟုတ်တာပေါ့ ယွန်းဆောရယ် ငါတို့စာလုပ်ရမှာပေါ့ ဒါပေမယ့် အခုကတော့ အရင်စားပါဦး စကားပုံတောင်ရှိတယ်လေ ဗိုက်ဝပြီးမှ သေတဲ့လူက နတ်ပြည်ရောက်တယ်တဲ့"

"ဘယ်သူပြောတာလဲ"

"ငါပြောတာလေ"

ယွန်းဆော ဂျောင်ဟျွန်းလက်မောင်းကို ခပ်နာနာရိုက်လိုက်တယ် ဂျောင်ဟျွန်းကတော့ ဘာမှပြန်မပြော ရယ်တောင်ပြလိုက်သေးတယ်

My Hidden Crush Where stories live. Discover now